Part(26)Unicode

852 44 8
                                    


နေ့ရက်တိုင်းကသစ်ရွက်တွေလိုတဖြုတ်ဖြုတ်နဲ့ကြွေလွင့်သွားကြသည်။လွှမ်းညို့ရှင်က စစ်အာဏာရှိန်ရဲ့နောက်မှီးလေးလိုသွားလေရာတကောက်ကောက်နဲ့လိုက်ရင်း ပူးကပ်နေကြသည်မှာညားခါစစုံတွဲလေးလို။

''ကြမ်းကအေးတယ်လေကွာ ယုန်ပေါက်လေးကတော့''

ခုံတွင်ထိုင်လျှက်အလုပ်လုပ်နေသော
သူ့ခြေထောက်နှစ်ချောင်းကြားဝင်ထိုင်ပီး ဂိမ်းဆော့နေတဲ့လွှမ်းညို့ရှင်ကိုစစ်အာဏာရှိန်က သူ့ပေါင်ပေါ်ပွေ့ချီတင်လိုက်ပီးနောက် အတွင်းရေးမှူးလီအားဖုန်းခေါ်လိုက်သည်။

''Boss''

အခန်းတံခါးခေါက်သံနဲ့အ
တူအတွင်းရေးမှူးလီဝင်လာတော့

''ကြမ်းခင်းပေါ်အမွေးပွကော်ဇောခင်းခိုင်းလိုက်။မကြမ်းစေနဲ့နော် ယုန်ပေါက်လေးအသားကအရမ်းနုတာ''

''ဟုတ်ကဲ့ Boss''

အတွင်းရေးမှူးလီက အခန်းထဲမှထွက်မလာခင် သူ့Bossပေါင်ပေါ်တွင်ထိုင်လျှက်ဂိမ်းဆော့နေသော အကိုလေးအားဖြတ်ခနဲ့ကြည့်လိုက်မိပီးနောက် ရုတ်တရက်ကြောချမ်းသွားမိသည်။

အကိုလေးရဲ့မျက်လုံးအရောင်ကပြောင်းလဲသွားသည့်အပြင် အပြုအမူကလဲထူးဆန်းလာသည်။အရင်ကအကိုလေးအပြုံးက လရောင်လိုအေးချမ်းပေမယ့် အခုတော့ မြူတေွအုံ့ဆိုင်းနေသလို မျက်လုံးနီနီရဲရဲများနဲ့စိုက်ကြည့်လာတိုင်း မုဆိုးရဲ့ဆော့ကစားခြင်းခံနေရတဲ့သားကောင်လိုခံစားရသည်။

''ဦး''

လွှမ်းညို့ရှင်က ဂိမ်းကိုရိုးအီသွားပီမို့ ကြမ်းပြင်ပေါ်ဒေါက်ခနဲ့မြည်အောင်လွတ်ချလိုက်ကာ စစ်အာဏာရှိန်ရဲ့လည်တိုင်ကိုသူ့လက်မောင်းသွယ်သွယ်လေးများဖြင့်ရစ်ပတ်ကာ ခေါ်လိုက်တော့ စစ်အာဏာရှိန်က ခါးလေးကိုပြန်လည်ပွေ့ဖက်ရင်း

''အွန်း ဘာလိုချင်ပြန်ပီလဲ''

''အဲဖုန်းကဂိမ်းဆော့လို့လဲမကောင်းဘူး''

ွခေါင်းလေးစောင်းလျှက် သွားတက်လေးတွေပေါ်အောင်ရယ်ပြနေတဲ့ကောင်လေးရဲ့နာခေါင်းထိပ်ဖျားလေးကိုဖွဖွလေးကိုက်လိုက်ပီးနောက် စစ်အာဏာရှိန်က

လရောင်လွှမ်းသော်(လရောင်လွှမ်းသော်)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ