1

116K 2.8K 160
                                    

"ဒုန်း !!"

"ခလွမ်း...!"

"ဟာ"

မိုးဖျားထက်ဘုံ ကား၏ နောက်ကြည့်မှန်ကနေ အနောက်ပိုင်းကို ကြည့်လိုက်မိတော့ မညာမတာပင် သူ့ကားကိုအနောက်မှ တစ်ယောက်ယောက်က ဆောင့်တိုက်ပစ်လိုက်တာကို ရင်နင့်ဖွယ်မြင်လိုက်ရသည်။

"တောက် !"

ဘယ်လိုဖြစ်တာလဲ အခုပဲ ပါကင်ထုတ်လို့ ဖြေး
ဖြေးချင်းမောင်းနေရတုန်းကို အနောက်ကနေ ၀င်ကြုံးပစ်တာ သည်းခံနိူင်စရာ အကြောင်းမရှိပင်..

သူ ချက်ချင်းပဲကားပေါ် က ဆင်း ကာ ဒေါသနဲ့အနောက်ကားဆီ ဦးတည်သွားလိုက်သည်။

သူ့ကား နောက်ပိုင်း ဟာ မီးခွက်ကွဲရုံမက အလယ်က ချိုင့်၀င်သွားလိုက်တာများ ဒေါသတွေပိုလို့ ထွက်လာစေသည်။မိုးဖျားထက်ဘုံ ဒေါသထွက်စွာဖြင့် သူ့ကားကို၀င်တိုက်သည့် နောက်ကားကို ခြေတစ်ဖက် ဖြင့်ဆောင့် ကန် ပစ်လိုက်သည်။

"ထွက်ခဲ့စမ်း ! အခုချက်ချင်း ထွက်လာခဲ့စမ်း?"

သူ နောက်တစ်ချက် ပိတ်ကန်ရန်ပြင်
လိုက်ဆဲမှာပဲ ကားတံခါးသည် ပွင့်ထွက်လာပြီး လူတစ်ယောက်ဆင်းလာသည်။

လူတစ်ယောက်ဆိုသည်ထက် ကောင်လေး တစ်
ယောက် ဆင်းလာသည် ဆိုလျှင် ပိုမှန်မည်။ မိုးဖျားထက်ဘုံ လောက်အရပ်မရှည်သော ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် ဖြစ်မည်။

ဆံပင်အဖြူရောင် ခပ်ဖွာဖွာ ကိုအရင်မြင်လိုက်ရပြီး အနက်ရောင်တီရှပ်ခပ်ပွပွကို ၀တ်ဆင်ထားသော ထိုကောင်လေးသည် မိုးဖျားထက်ဘုံ ကိုမော့ကြည့်ပြီး မျက်နှာချင်းဆိုင်လာခဲ့၏။

နှုတ်ခမ်းပါးပါးလေးသည် အလွန်တရာမှ လှပစွာဖူးငုံနေပြီး ကြောက်လန့်ဟန်မရှိ ..ထိတ်လန့်မူမရှိအကြည့်တို့ကပါ စူးရှလျက်ရှိသည်။

"ဘယ်လို ဖြစ်လို့ သူများ ကားကို ခြေထောက်နဲ့
လာကန်နေတာလဲ?ရိုင်းလှချည်လား?"

"ဘာ "

ကြည့်လိုက်တာနဲ့ ကိုယ့်ထက် ငါးနှစ်မက ငယ်ရွယ်မည်မှန်းသိသာ နေတာတောင် အနည်း
ငယ်လေးစားရကောင်းမှန်းမသိ...ပြီးတော့ သူကပဲ၀င်တိုက်သေးတယ်....ဒီက ကန်မိတာကိုကျ ရိုင်းတယ်ဆိုပဲ...

PRETTY BAD BOY  (Complete)Where stories live. Discover now