သူပေးတဲ့ ကားကိုတောင်ရောင်းစားပစ်လိုက်တဲ့
ကောင်လေးက အလကားဘယ်အရာမှ မယူနိုင်
ဘူးတဲ့....မိုးဖျား အလုပ်သာလုပ်နေရတာ စိတ်က ဘယ်လိုမှစုစည်း၍မရပါ...
မနေ့ညက အကြောင်းကိုပဲခေါင်းထဲ တဝဲ
လည်လည်ရောက်နေသည်။ဘယ်လိုမှပင်ဆွဲထား
လို့မရဘဲ အတင်းကို Club ထဲပြန်၀င်သွားခဲ့တဲ့
ကောင်လေး...မာန တရားတို့ကို ချိတ်ဆွဲထားပြီးခေါင်းမာမူကိုပွေ့ဖက်ထားတော့ မိုးဖျားလက်မြှောက်အရှုံးပေးဖို့ ပဲ တတ်နိုင်သည်။ ခက်တာက မိုးဖျားဆိုတာ လွယ်လွယ်လေးနဲ့ လက်လျှော့ တတ်သူမဟုတ်ပေ..
ခက်ခဲ တဲ့ အရာကိုမှ ပိုစိတ်၀င်စားသည်။
"မိုးဖျား "
ဘောပင် ကိုလှည့်ကစားနေရင်းမှ ရုံးခန်းထဲ ၀င်လာတဲ့ ဟိန်းမင်းသူ ကြောင့် ကြည့်လိုက်မိသည် ။
အပြာရောင် ရှပ်လက်ရှည် အနက်ရောင် ဘောင်းဘီနဲ့ သေသပ်စွာ တွဲ၀တ်ထားတဲ့ ဟိန်းမင်းသူကလက်ထဲ မှာလဲ ဖိုင် တစ်ခုနဲ့ ဖြစ်သည်။
"မင်း ဘယ်လို လူတွေ နဲ့ပက်သက်နေတာလဲ?"
လာကတည်းက အပြစ်တင်နေသော သကောင့်သားကို မှုန်ကုတ်ကြည့်လိုက်မိသည်။
"မင်းစုံစမ်းထား တဲ့ကောင်လေးလေ ! မင်းနဲ့ ဘာပက်သက်နေတာလဲ?"
" စုံစမ်းလို့ရပြီလား?"
မိုးဖျား မေးတော့ ဟိန်းမင်းသူက သူ့လက်ထဲမှ ဖိုင်ကို စားပွဲပေါ်ပစ်တင်လာ၏။
မိုးဖျား ကို သူ့အထက်လူကြီးဆိုပြီးသတိလေးမှ ရပါလေစ..
ထားပါ..အရှေ့မှ ဖိုင်ကိုဆွဲကာ မိုးဖျားဖွင့်ကြည့်လိုက်၏။
ကျွန်း ၏ အသက်သည် ယခုမှ ဆယ့်ကိုးနှစ်
သာ ရှိသေးပြီး ကျောင်းလဲ မတက် မိဘလဲ မရှ်ိတော့ပါချေ.. အစ်ကို တစ်ယောက် ရှိပြီး...အလုပ်အကိုင်..
"Sex Worker!! "
မိုးဖျား ဘယ်လိုမှ မထင်ထားသော စာလုံး
တွေက စာရွက်ဖြူဖြူ ထက်က နေလှောင်ပြနေသည်။
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)