"ငါ့နာမည်ဩမြတ်မေသူ.."
"ကျွန်တော် စိတ်မ၀င်စားဘူး.."
သူမ လက်ခုပ်တစ်ချက်တီးကာ ရယ်ပစ်လိုက်သည်။ ကြည့်လိုက်တာနဲ့ ဘာအဆင့်အတန်းမှမရှိတာကို သိသာနေတာတောင် လေသံက အထက်စီးမှာ...စုံစမ်း ထားသလောက် သိရတာ
ကတော့ ဒီကောင်လေးရဲ့ မာန ကလဲ မိုးထိ အောင် ဆိုပဲ...ကိစ္စ မရှိဘူး...အဲ့ မာနက မေသူ့အတွက် နှုတ်ခမ်းနီ တစ်ထောင့်စာ လောက်တောင် အသုံး၀င်မူမရှိဘူး...
"ကိုယ့် ဘ၀ ဘယ်ကလာတယ်ဆိုတာ သိရင် မင်း
လေသံကို ပြင်လိုက်သင့်တယ်...မိုးဖျား ကြောင့်သာ မဟုတ်ရင် လမ်းဘေးဆေးသမားဘ၀နဲ့ မင်းဘ၀က မိန်းမတစ်ကာနဲ့ အိပ်ပြီး ငွေချူ
တုန်း..."ကျွန်း ဒေါသနဲ့အတူ ရှေ့မှာ ရှိတဲ့ဖန်ခွက်ထဲက ရေနဲ့ ကောက်ပက်တော့မည့် ဆဲဆဲ အံကြိတ်ကာ စိတ်ဖြေရသည်။အပြင်ပန်းနာတာထက် ရင်ထဲကနာအောင် ဓါးပါးပါးနဲ့ခပ်မွမွလှီးသည့်နှယ် ခံစားရစေချင်သည်။သို့ပေမယ့်...
ဒေါသကြောင့် ဖန်ခွက်ကို ဆုပ်ကိုင်ထားမိဆဲပင်..
"အဲ့ဒီ လမ်းဘေးကောင်ရဲ့ ခြေတစ်ဖျားစာတောင်
မတန်လို့ မိုးဖျားထက်ဘုံ က ကျွန်တော်နဲ့ဖောက်ပြန်တာပေါ့ခင်ဗျားက စောက်သုံးမှမကျတာ..""ဘာ !!"
" မိန်းမ တစ်ကာ နဲ့ပက်အိပ်ထားလဲ ကျွန်တော်
က သဲသဲလှုပ်အောင် အချစ်ခံရတယ်..ကျွန်တော် သာ ခင်ဗျားကိုဒီလောကထဲမှာမမြင်ချင်ပါဘူးလို့ တစ်ချက်ပဲ တောင်းဆိုကြည့်လိုက် ခင်ဗျား နောက်နေ့တောင်မကူးဘဲ ဒီည မှာပဲ အသက်ပျောက်သွားလိမ့်မယ် ! မိုးဖျားထက်ဘုံ က ကျွန်တော့်ကိုအဲ့လောက် ထိချစ်တယ်..""နင် မရှက်ဘူလား !ကာမ ပိုင် ယောင်္ကျားတစ်ယောက်ကို မြူစွယ်ပြီး ချူစားနေတာ ..နင်လုံး၀
မရှက်ဘူးလား?""ခင်ဗျားရှေ့မှာ ထိုင်နေတဲ့ ကောင် ဘာအလုပ်လုပ်ခဲ့လဲ ဆိုတာ ခင်ဗျား သိနေပြီပဲ..ရှက်တာ မရှက်တာက ကျွန်တော့်အတွက် အသုံး၀င်တယ်
ထင် နေသေးတာလား...မိုးဖျားထက်ဘုံ ကို မြူစွယ်တယ်..ဟက်..ထားပါတော့ ခင်ဗျား ထင်တဲ့ အတိုင်းပဲ ဟုတ်တယ် မြူစွယ်တယ်..!??"
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)