" ဘဲကြီး !"
မိုးဖျား အိမ်မှာ အထိတောင် အနားမနေရ
ဘဲ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်းဖြစ်သည်။ မေသူနဲ့ ကိစ္စ အလုံးစုံမရှင်းပြီးသေးတာမို့ ဟိုဘက် အိမ်မပြန်ဘဲ မိုးဖျား ဒီဘက် အိမ်မှာသာ နေနေလျက်ရှိသည်။ကျွန်း သည် မိုးဖျား ဘေး၀င်ထိုင်လိုက်ကာ..
"အရမ်းညောင်းနေလို့ နှိပ်ပေးပါလား?"
"ဟင် ."
ဒီမှာ တစ်နေကုန် အလုပ်လုပ်နေရတဲ့သူက မညောင်းရဘူး သူက အိပ်လိုက်စားလိုက် နဲ့ အတော်လေး ညောင်းနေပုံပဲ...
ကျောလေးပင်ပေးထားတာ အနှိပ်ခံဖို့ စောင့်နေ
တုန်း ကျောပြင်ငယ်ငယ်လေး ဘက်ကို လှည့်၍
ခပ်ဖွဖွ နှိပ်ပေးဖို့ ပြင်လိုက်သည်။"အားယား ! သေမလို့ သူ့အားကြီးနဲ့..အားမထည့်
ဘဲ နှိပ်ပါဗျ..""အင်းပါ...ဒီနားလား ?"
"အင်း..အင်း.."
ပုခုံးလေးတွေ လည်ကုတ် လေးတွေ ကို သေချာ
နှိပ်ပေးနေလိုက်တော့ ကျွန်း က ဇိမ်ကျတာ
ခြေထောက်ကလေး ပင် ဆန့်ပြီး ဆိုဖာပေါ်တင်
ထားသည် ။"အလုပ်လုပ်နေရတာက ငါပါကွ ! မင်းက အိပ်လိုက်စား လိုက်နဲ့ ပင်ပန်းနေရသလား?"
"လူပဲ ဗျ ! ပင်ပန်းတာပေါ့.."
"အံမယ်! ပြောပါဦး..ဘာအလုပ်ကြီး အကိုင်ကြီး
တွေ လုပ်နေရလို့လဲ ?"" အိပ်နေရင်တောင် ပင်ပန်းတာကို ! အလုပ်လုပ်
မှ ပင်ပန်းတာ မဟုတ်ပါဘူး! နှိပ်ပြီးရင်လဲ သံပုရာရည်လေးဖြစ်ဖြစ် သွားဖျော်ပေးပါဦး..အကြောတွေတက်ပြီး ခေါင်းမကြည်လို့...""အမ်..."
မကြည်ရမှာက သူလေ...လုပ်ငန်းတစ်ခုလုံးဦးစီး
ပြီးလုပ်ရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်လဲ
ဇက်ကြောတွေ တက်ပြီး ခေါင်းမကြည်တာ က
ဘယ့်နှယ့်ကြောင့် အိပ်လိုက်စားလိုက် လူဆီမှာ သွားဖြစ်နေရသလဲ?သံပုရာရည်ပါဖျော်ပေးရဦးမယ်....
"အင်း...မင်းနဲ့ကျမှပဲကွာ..."
မိုးဖျား ခပ်လေးလေး ပြောပြီးထလိုက်တော့ ကျွန်းက မျက်ထောင့်နီကြီးနဲ့ မော့ကြည့်လာကာ...
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)