"ဘေဘီ မင်းနဲ့ ကိုယ့်အကြောင်း သတင်းတွေမှာ ပါနေတာ တွေ့ရဲ့လား?"
ကျွန်း ပီကေ အဝါးမပျက်ဘဲ ခေါင်းညိတ်ပြ
လာသည်။ကားခေါင်းမိုးပေါ် တက်ထိုင်နေသော
ကျွန်းက နေ၀င်ချိန် အောက်မှာ အပြစ်ပြော
စရာမရှိ ဆွဲဆောင်မူရှိနေသည်။နေ၀င်ချိန် အလင်းရောင်က ကျွန်း မျက်နှာနုနုလေးကို အဝါရောင်ပြေးနေစေသည်။
မိုးဖျားဘီယာ ဗူးကို မြက်ခင်းပြင်ပေါ် ထိုင်
၍ စိတ်ပြေနပြေ သောက်နေရင်းမှ ကျွန်း ကို
လှမ်းကြည့် နေသည်။နေ၀င် ချိန်ရှုခင်း ကိုကြည့်ရန်လာပေမယ့် ထိုရှုခင်းကို ကျောပေးကာ ကျွန်း ကိုသာ ငေး
မောကြည့်နေတဲ့ မိုးဖျား ပင်တည်း..."ကျွန်တော် ဆေးလိပ်သောက်ချင်တယ် ဘဲကြီး"
"မသောက်ရဘူး.."
ကျွန်း နှာခေါင်းရှုံ့သွားကာ လက်ထဲက
ဘီယာဗူးခွံနဲ့ မိုးဖျား ကို ပစ်ပေါက်လိုက်လေ
သည်။ အားမပါဘဲ ဝဲပျံလာသော သံဗူးခွံကို အသာ ရှောင်ရင်း မိုးဖျားက ရယ်သည်။"ဘဲကြီး ကျန်တော် ခင်ဗျား နာမည်ကို တက်တူး
ထိုး ချင်တယ်...""ဘယ်နားမှာလဲ?"
ကျွန်း ဖွေးအုနေတဲ့ လက်ဖျံနေရာကို ထောင်
ပြလိုက်သည်။"ဘာလို့ထိုးမှာလဲ ?"
"ခင်ဗျားကို ချစ်လို့..!"
"မင်းရင်ဘတ်ထဲမှာ ငါမရှိဘူးလား ?"
"ကျွန့်တော့် နှလုံးသားထဲမှာ ခင်ဗျား တစ်ယောက်ပဲ ရှိတာ !!"
"ဒါဆို အပေါ်ယံ အရေပြားမှာ ငါ့နာမည်ထွင်းဖို့လိုသေးလား? မင်းနှလုံးသားထဲမှာ ငါရှိနေရင် ရပြီ..စောက်ပိုတွေ မလုပ်စမ်းနဲ့ !."
ဒါလဲ ဟုတ်သား..ကျွန်း ခေါင်းတဆတ်ဆတ် ညိတ်ကာ အသံတ်တ်ထောက်ခံနေ၏။
သူတို့ကြားက ဒီလို အနုအရွ စကားတွေကို ကားအပေါ်နဲ့ အောက် လှမ်းအော်ပြောနေကြခြင်းက ဒီ အတွဲမှာပဲ ရှိမယ်ထင်သည်။
"သတင်းတွေမှာ ပြောတယ် ! ကျွန်တော်တို့က
အဆိပ်ပြင်းတဲ့ မြွေ ဟောက် အတွဲဆိုလား?
စောက်ကျိုးနည်း ဆိုးရွားလှတဲ့ တိရစ္ဆာန် နဲ့မှ နှိုင်းရလား?"
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)