ဘယ်များသွားနေတာပါလိမ့်?
ညရှစ်နာရီကျော်နေပြီ ...မိုးဖျား ခြောက်နာရီ ခွဲကတည်းက ရောက်လာပြီး ထိုင်စောင့်နေ
တာ ကျွန်း ပြန်မလာသေး...မိုးဖျား နာရီကြည့်လိုက် အပြင်သို့ မျှော်လိုက် နဲ့ ဖြစ်နေသည်။
"ဒိုင်း..!"
"ဟာ."
မိုးဖျား ဧည့်ခန်းထဲ ထိုင်နေရာမှ ကြားလိုက်ရတဲ့ အသံကြောင့် ပုခုံးတွေ တုန်တဲ့အ
ထိလန့်သွားပြီး အိမ်ရှေ့အမြန် ထွက်ကြည့်လိုက်ရသည်။ ကျွန်း ၏ ကား သည် အရှိန်ပြင်းစွာ
ခြံတံခါးကို ၀င်ထိုင်ပစ်ပြီး ခြံထဲကို ဝုန်းဒိုင်းမောင်း၍ ၀င်လာခဲ့သည်။ဘာဖြစ်လာတာလဲ ?
ခြံတံခါးသည် တစ်ခြမ်းစောင်း၍ အနည်းငယ် ရွဲ့
သွားသည်။မိုးဖျား ရပ်ကြည့်နေတုန်းကား
ထဲမှ ကျွန်းသည် ယိုင်တိုင် တိုင်ဆင်းလာ
ကာ ဘယ်ဘက် လက်ပေါ် ညာဘက်လက်ဖြင့်
အုပ်ကိုင်ပြီး ဒယီး ဒယိုင် လျှောက်လာသည်။"ကျွန်း!"
မိုးဖျား စိုးရိမ်သွားကာ အနားရောက်လာတဲ့
ကျွန်းကို လှမ်းထိန်းလိုက်ပေမယ့် ကျွန်း က မြေပြင်မှာ ထိုင် ချလိုက်ကာ သူ့လက်ကိုပဲ
ဖိနှိပ်ထားပြီး ခါးကို ကုန်းနေသည်။"ဘာဖြစ်လာတာလဲ ?"
"အား..ကျွန်တော့်လက်ကျိုးပြီ ထင်တယ်..အ"
"ဟင် !ကားတိုက်လာတာလား ဆေးရုံသွားမှ ဖြစ်
မှာပေါ့..."ကျွန်း မျက်နှာလေးရှုံ့မဲ့နေကာ မြေပြင်ပေါ်
လူးလိမ့်မတတ်ဖြစ်နေတာမို့ အမြန်ပွေ့ချီကာ ဆေးရုံသို့ မောင်းလာရပြန်သည်။ကျွန်း အိမ်အထိရောက်အောင် ကားကို မနည်းမောင်းသွားရတာဖြစ်သည်။သကောင့်သားတွေရိုက်ချလိုက်တာတကယ်ပဲ လက်ဖျံရိုးကျိုးပြီလားမသိ...
"တောက် !ဖာ့ခ်ပဲ.."
မိုးဖျားလှည့်ကြည့်လိုက်တော့ နာနေသည့်
ကြားမှ ဒေါသကလဲ ထွက်နေဟန်တူသည်။တောက်တစ်ခေါက်ခေါက် အံတကြိတ်ကြိတ်နှင့်မိုးဖျား မကြားဖူးတာတွေပါ ဆဲဆိုနေသေး
သည်။
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)