10

30.9K 1.3K 179
                                    


"မောင်..တစ်နေ့လည်ခင်းလုံး Company
မှာမရှိဘူး...ဘယ်သွားနေတာလဲ?"

မေသူသည် အ၀တ်များကိုခေါက်နေရင်း ရေချိုး
ခန်းထဲမှ ထွက်လာသော မိုးဖျားကိုကြည့်ရင်းပြောလိုက်သည်။

"အချိန်အခါ ပြည့် ရုံးမှာ တစ်ချိန်လုံးရှိနေရအောင် ကိုယ်က လခစား ၀န်ထမ်းမဟုတ်ဘူးလေ...မေသူ.."

"လခစား၀န်ထမ်းတောင် တစ်နေ့လုံးရှိနေနိုင်တာ
ကို Company တစ်ခုလုံးဦးစီးနေရတဲ့ မောင်က
ဒါလေးတောင်မလုပ်နိုင်ဘူးလား "

"ဩမြတ်မေသူ !"

"ပြီးတော့ မောင့်ရဲ့ တစ်လစာ အသုံးစာရင်းကို မေသူ ကြည့်မိလိုက်တယ်...ဘာလို့ ပုံမှန်ထက်သိပ်များနေရတာလဲ?"

"မေသူ ! ကိုယ် လုပ်နေတဲ့ လုပ်ငန်းတစ်ခု...ကိုယ်လည်ပတ်နေတဲ့ ကိုယ့်နေရက်တွေကို မင်း ၀င်မပါပါနဲ့...မင်း အလုပ်သာ မင်း အာရုံစိုက်စမ်းပါ.."

"မပြောလို့ ဖြစ်မလား? မောင် ဗရုတ်သုတ်ခ နေရာတွေမှာ သုံးပစ်လိုက်ရင် ဘယ်လို လုပ်မလဲမောင်ရဲ့..."

"ငါ သုံးလိုက်တဲ့ နေရာတိုင်းမှာ ဗရုတ်သုတ်ခ တစ်ခုမှ မရှိဘူး မေသူ! ငါ့မှာ ဦးနှောက်ရှိတယ်..
စဉ်းစားတတ်တယ်...င့ါပိုက်ဆံတွေကို မီးပုံရှို့ပစ်တောင် မင်းနဲ့ မဆိုင်ဘူး..."

"မေသူက မောင့်မိန်းမလေ မဆိုင်ဘူးဆိုတာရှိပါ့မလား?"

" ဒါပေမယ့် မင်းငါ့ကိုအယုံအကြည်မဲ့တာမျိုးတော့ လာမလုပ်နဲ့.."

"ကောင်းပြီ ! ဒါဆို အရင် နှစ်လက ၀ယ်လိုက်တဲ့ မြချယ်ရီ က အိမ်နဲ့ခြံက ဘယ်သူ့နာမည်နဲ့လဲ?"

မိုးဖျား ခေါင်းကရေစိုဆံပင်တွေကိုသုတ်
နေရင်းမှ မေသူ့ကိုကြည့်မိသွားသည်။သူမ ၏
မျက်နှာထားသည် တင်းမာနေကာ ထက်မြက်မူ
ကိုပေါ်နေစေသည်။

"ကိုယ်၀ယ်တာပဲ ကိုယ့်နာမည်နဲ့‌ပေါ့.."

"သေချာလား?"

မိုးဖျား လက်ထဲက တံဘက်ကိုလုံးချေပြီး
ကုတင်ပေါ်ပစ်တင်လိုက်ကာ...

"ငါ့ကို မယုံတာက ငါ့ကိုစော်ကားတာနဲ့အတူတူပဲ
နော်...ငါတစ်ချိန်လုံး ပိုက်ဆံတွေ ကုန်းရုန်းရှာနေတာ..ငါဒါလေးတောင် သုံးခွင့်မရှိတော့ဘူးလား?
ပြီးတော့ မင်းငါနဲ့ စလက်ထပ်တုန်းက မင်းဘ၀ကဗလာသက်သက်ပဲနော် !ငါနဲ့ရမှ လူရောင် သူရောင်ထွက်ပြီး ဒီအခြေအနေထိရောက်လာတာဘ၀ မမေ့နဲ့ မင်း!"

PRETTY BAD BOY  (Complete)Where stories live. Discover now