6

34.1K 1.6K 85
                                    




"ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်.."

"မိုးဖျားထက်ဘုံ ဆိုတဲ့ ဘဲကြီးနဲ့ !"

"ရှင်.."

၀န်ထမ်းမလေး ပြူးပြူးပျာပျာဖြင့် ကျွန်းကိုခေါင်းစခြေဆုံးကြည့်သည်။ ဒီမြို့၏ ထိပ်တန်း စီးပွားရှင် သုံးယောက်မြောက် ဖြစ်သည့် သူမတို့ CEO ကို ခေါ်လိုက်တာများ ဘဲ..ဘဲကြီးဆိုပဲ...

ကြည့်လိုက်တော့လဲ Hoodies အဖြူကို မျက်နှာဖုံးမတတ် ခေါင်းစွပ်ချထားပြီး ၀တ်စားထားတာသေသေသပ်သပ်မရှိ...

လူငယ်ဆန်နေသည့် ပွပွယောင်းယောင်း အ၀တ်
အစားတွေဟာ ဒီCompany လဲ လားလားမျှ
မသက်ဆိုင်သလို CEO အနေနဲ့လဲ ဒီလို ဂျလေဘီဆန်ဆန် ကောင်လေးတစ်ယောက်နဲ့ ပက်သက်မူမရှိနိုင်တာ သေချာသည်။...

ဒါသက်သက်မဲ့ နှောင့်ယှက်သူပဲ ဖြစ်ရမယ်..

သူမ တစ်ထစ်ချကောက်ချက်ချလိုက်ပြီးလုံခြုံရေးတွေကို ခေါ်လိုက်သည်။

"နှောင့်ယှက်တဲ့သူ ဖြစ်မယ်! မောင်းထုတ်လိုက်.."

မဆိုင်းမတွပင် ကျွန်း လက်တွေကို တစ်ဖက်တစ်ချပ်ဆီဖမ်းချုပ်ကာ ဆွဲထုတ်ရန်ပြင်
နေတာမို့ ကျွန်း ရုန်းကန်ကော့ထိုးလိုက်သည် ။

"လွှတ်စမ်း ! ငါ့ကို ဒီလို ဖမ်းချုပ်စရာမလိုဘူး !ဟို ဘဲကြီး ကိုသာခေါ်ပေး.."

"ဘယ်သူ့ကိုလာပြီး ဘဲကြီး ခေါ်နေတာလဲ !"

"ဘယ်သူရှိရမလဲ ? ဘ၀င်ရူး နေတဲ့ မိုးဖျားထက်ဘုံကိုပြောတာပေါ့..."

"ငါတို့ CEO က မင်းလို ကောင်ကို သွားကြားတောင် ညှပ်မှာ မဟုတ်ဘူး...ဘာတွေ လာအပုပ်ချချင်နေတာလဲ"

"မယုံရင် သွားခေါ်ခဲ့စမ်းပါ ! ကျွန်းလို့ပြောလိုက်.."

ရုန်းကန် ဆူညံပွက်နေတော့ ၀န်ထမ်းတွေလဲ မတတ်နိုင်တော့ဘဲ CEO ထံ အမြန်သတင်းပို့ရတော့သည်။

အတွင်းရေးမှုးမလေးသည် ပျာတိပျာယာဖြင့် CEO ရုံးခန်းသို့ပြေးရသည်။

"ဟို CEO.."

မိုးဖျား အလုပ်လုပ်နေရင်းမှ မေးဆတ်ပြ
လိုက်သည်။ ခဏနေ ရုံးဆင်း ချိန်ရောက်ပြီ မို့လို့အလုပ်တွေ လပ်စသတ်နေရသည့်အချိန်ဖြစ်တာမို့ ၀န်ထမ်းအပေါ်ကိုအာရုံအပြည့်မထားနိုင်။။။

PRETTY BAD BOY  (Complete)Where stories live. Discover now