"ငါအရင်က ကျွန်း မဟုတ်တော့ဘူး..."
"ဘယ်လို ကျွန်းပဲ ဖြစ်နေပါစေ ကျွန်မအတွက် ပြောင်းလဲသွားမှာမဟုတ်ဘူး..ရှင် မိုးဖျား ကို ဘယ်လို ချည်းကပ်ခဲ့လဲ မသိပေမယ့်
ကျွန်မ ကတော့ ရှင် လိုချင်တာ ပေးပြီး ကျွန်မဘ၀ထဲ ဆွဲခေါ်ချင်တယ်..မိုးဖျားက မပေးနိုင်တဲ့ တစ်ခုတည်းသော အရာကို ကျွန်မပေးနိုင်တယ်"ကျွန်း တစ်ချက်လောက်အသံထွက် ရယ်မောပစ်လိုက်မိသည်။ မိန်းမ တွေက ယောင်္ကျားလေးတွေနဲ့တောင် ရင်ဘောင်တန်းတဲ့ ခေတ်
ဆိုတာဟာဒါမျိုး ကိစ္စတွေ အထိ ပွင့်လင်းကြပြီပေါ့?နှုတ်ခမ်းပါးပါးစိုစိုက အမြဲတည်နေတတ်ပေမယ့်
လှောင်ပြုံးပဲရယ်ရယ် ခနဲ့ပဲရယ်ရယ် ကျွန်းရယ်ရင်ကို ကြည့်ကောင်းနေတော့တာမို့ သူမသည် ငေးခနဲ...."မင်းနာမည်ဘယ်လိုခေါ်လဲ?"
" ခက်နွယ်သာ.."
"ဒီမှာ မခက်နွယ်သာ...မိုးဖျားထက်ဘုံ ကို မရိုးမသားနည်းနဲ့ ငါ့ဘက်ကချည်းကပ်ခဲ့တာ မရှိလို့ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မင်း အထင်သေးဖို့မလိုဘူး...မင်းနဲ့ငါ တစ်ည အတူတူအိပ်ဖူးတယ် ဆိုတာ အဲ့တုန်းက ငါ့အလုပ်ကြောင့်ဖြစ်ခဲ့တာ..အခု ငါက အဲ့ဘ၀ကို စွန့်လွှတ်လိုက်ပြီမို့ငါ့ကိုယ်ရေးကိုယ်တာကိုလေးစားပေးပါ..."
"ကျွန်မရှင့်ကို ချစ်တယ် ."
"shit !!"
ကျွန်း ခေါင်းမှ ဆံပင်တွေကို လက်ချောင်း
တွေနဲ့ ထိုးဖွကာ စိတ်ပျက်လက်ပျက်ပုံစံကို မထိန်းလိုက်နိုင်.... တကယ်ပဲ စိတ်ရှုပ်ဖို့ ကောင်းလှ
ချည်လာား?ပွရှုပ်သွားတဲ့ ဆံပင် တွေကို တစ်ချက်ခါယမ်းလိုက်စဉ် မလှမ်းမကမ်းမှာ မြင်လိုက်ရတဲ့ အရိပ်
တစ်ခု...."ဘဲကြီး !!"
သေစမ်း ! ဘဲကြီးက ဘယ်ကတည်းက ရောက်နေတာလဲ...
ကျွန်း ခေါင်းတွေ ရီဝေ ရုံမက မူးနှောက်သွားတော့သည်။ ကျွန်းဘက်က အထူးတလည် ဖုံးကွယ်ထားတာမျိုး မရှိပေမယ့်
ဒါက သိသင့်တဲ့ ဆက်ဆံရေးလဲ မဟုတ်...မိုးဖျား မျက်နှာကိုအကဲခတ်ကြည့်မိတော့
တင်းမာနေတယ်ဆိုပေမယ့် ခက်ထန်နေတာမျိုးတော့မဟုတ်ပါ....ဒါပေမယ့် မိုးဖျား ဘာ
တွေတွေးနေလဲ ဆိုတာ ကျွန်းအနည်းငယ်တော့ ကျောချမ်းမိလေ၏။ အခုနက စကားတွေ
သေချာပေါက် မိုးဖျား ကြားမည်မှာသေချာသည်။
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)