7

33.2K 1.5K 38
                                    


မျက်နှာပေါ်ကို မကြာခဏ ထိတွေ့လာတဲ့ ယားစိ ယားစိ အထိအတွေ့ကြောင့် ကျွန်းဆက် အိပ်လို့မရတော့ဘဲ ဟိုလူးဒီလွန့်နဲ့ နိူးထလာတော့သည်။

"အီး...."

သံရှည်ဆွဲလျက် အကြောတွေဆန့်ထုတ်ရင်း မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကြီးမားလှ တဲ့ မျက်နှာကြီးတစ်ခု....

"ဖာ့ခ် !"

"ဟာ.."

ကျွန်း လန့်ကာ ပစ်ပစ်နှစ်နှစ် ကြီးဆဲချလိုက်
တော့ကြည်နူးပြီး ပြုံးနေရှာတဲ့ မိုးဖျားမျက်နှာကြီး ချက်ချင်းအိုကျ သွားသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ!"

ကျွန်း ရန်တွေ့တော့ မိုးဖျားကလဲ ချက်ချင်းရန်တွေ့တော့သည်။

"ဘာလုပ်ရမလဲ မင်းကိုကြည့်နေတာလေ ! မင်းသိပ်ရိုင်းတဲ့ကောင်လေးပဲ..မင်းထက် ခြောက်နှစ်လောက်ကြီးတဲ့ သူကို အဲ့လိုပဲဆဲရသလား?"

"ခင်ဗျားကို ဆဲတာမဟုတ်ပါဘူး..."

"ငါ့မျက်နှာကိုတည့်တည့်ကြီး ကြည့်ပြီး ဖာ့ခ် လို့ ဆဲလိုက်တာ ငါ့နားနဲ့ ဆတ်ဆတ် ကြားလိုက်တယ် ဟေ့ကောင်"

"အားရှ် ! အဲ့ဒါကြောင့် ဘာလို့လူကို ပြူးပြူးကြီး လာကြည့်နေတာလဲလို့ !"

"မင်းက ချစ်စရာကောင်းနေတာကိုကွ.."

ကျွန်း စိတ်လေ တဲ့ ပုံစံနဲ့ ကုတင်ပေါ်က ဆင်းရန်ပြင်လိုက်မှ ...နေပါဦး ..ဒါ ဘယ်ကို ရောက်နေတာလဲ?

ကျွန်းကြောင်တောင်တောင်လေး ဟိုကြည့်
ဒီကြည့် ဖြစ်နေတော့ မိုးဖျား က အလိုက်သိစွာ...

"မင်းအိမ်လေ.."

ကျွန်း နားမလည်...

" မနေ့က မင်းပိုင်သွားတဲ့ အသစ်စက်စက် အိမ်လေ..ဘယ်လိုလဲ ကြိုက်လဲ?"

ကျွန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဟိုဟိုဒီ ဒီ လျှောက်ကြည့်လိုက်တော့ ရေကူးကန်လဲ တွေ့ရသည်။ သစ်ပင်စိမ်းစိမ်းစိုစိုလေးတွေလဲခြံထဲမှာ ရှိနေပြီးတစ်အိမ်လုံးက အဖြူရောင် ဆေး ပဲသုတ်ထားပြီး ရိုးရှင်းနေသည်။

PRETTY BAD BOY  (Complete)Where stories live. Discover now