24

21.8K 900 21
                                    

မိုးဖျား ဒီနေ့ ည အတွက်ညအိမ်ပြန်နောက်ကျမည် ဆိုသော ကြောင့် ကျွန်းစိတ်
တိုနေရသည်။ Company နှစ်ပတ်လည်ပွဲကြောင့်
၀န်ထမ်းတွေကို အသားကင်လိုက်ကျွေးမည် ဆိုတာကို မနက်ကတည်းက မပြောသွားဘဲ ညနေရောက်မှ ဖုန်းဆက် လာသည်ကြောင့် ကျွန်း
ဒေါသ ထွက်ချင်တာတောင် မထွက်ရတော့ဘဲ သူ
အိမ်ပြန်လာမှ ပွဲကြမ်းရတော့ပေမည်။

ကျွန်း ကုတင်ပေါ် လူးလှိမ့်နေရာမှ ကုန်းထလိုက်သည်။စိတ်တိုင်းကိုမကျပါဘူး...

တစ်ချိန်လုံးအိမ်မှာနေရတာ ဘယ်လောက်ပင်ပန်းရတယ်မှတ်လဲ ..အိပ်လိုက်စားလိုက် ဖုန်းသုံးလိုက်နဲ့ လောက ကြီးက ကိုယ့်အပေါ်မတရား
ဘူး...

တွေးရင်း ၀မ်းနည်းလာပြီ ><

ကျွန်း ကုတင်ပေါ်က ခုန်ဆင်းလိုက်ကာ အနက်ရောင် Hoodies ကိုကောက်စွပ်လိုက်ပြီးကားသော့ဆွဲ၍ထွက်လာလိုက်သည်။

ထွက်သာ ထွက်လာရတယ် ဘယ်သွားရမှန်းမသိ..ဘဲကြီးက‌လဲ ဘယ်မှာဧည့်ခံ ကျွေးမွေးမယ်ဆိုတာမပြောသွားဘူး...

ကျွန်း ဦးတည်ရာမဲ့ကားမောင်းလာရင်းမှ လူအနည်းငယ်ရှင်းသော မြစ်နား ရောက်လာခဲ့
သည် လေတဖြူးဖြူးနဲ့ ရာသီ၍ဥတုက သာယာ
နေသည်ကြောင့်ကားထိုးရပ်လိုက်ကာ ကားပေါ်ကဆင်းလာလိုက်သည်။ မကြာမှီနေ၀င်တော့မည်...

နေ၀င်ချိန်အလှ သည်သိပ်လှ၏။ ကျွန်းသဘောကျသည်။ အရင်က ဘာကို မှ ဟုတ်တိပတ်တိသဘောကျခြင်း မရှိခဲ့သော်ငြား
ယခု အချိန်မှာတော့ လေတိုက်ရင်တောင် ငေး ခနဲ
ဖြစ်ချင်သည် ။

အချစ်နှင့်တွေ့လျှင် လူတိုင်းက ပြောင်းလဲ လာသည်ဆိုသည့်စကားက မှန်နေသားပဲ....

ကျွန်းသည် ရုတ်တရက်ဆေးလိပ်သောက်ချင်လာတာမို့ ဟိုဟိုဒီဒီရှာမိတော့ကားထဲကနေ
ဆေးလိပ် နှစ်လိပ်နဲ့ မီးခြစ်ကို တွေ့ရတာ ကြောင့်တစ်လိပ်ကို မီးညှိကာ ကားရှေ့ဖုံးပေါ်ထိုင်၍ သောက်နေလိုက်သည်။

ဘဲကြီးက ဆေးလိပ်သောက်တာ မကြိုက်ဘူးဆိုပေမယ့် နည်းနည်းတော့ ခိုးသောက်မိသည်။

မကြာမှီမှာပင် နေ၀င် တော့သည်။

ကားရှေ့မီးကို ဖွင့်ထားကာ ထိုနေရာမှာ ကျွန်းထိုင်နေဆဲ ဖြစ်သည်။နေ၀င်ချိန်ကို ကျော်လွန်ကာ ညကိုရောက်ရှိလာပြီ ဖြစ်ပေမယ့် ကျွန်း ထိုနေရာမှာ ထိုင်မိနေဆဲ ဖြစ်၏။

PRETTY BAD BOY  (Complete)Where stories live. Discover now