"ကျွန်းငယ် ဘယ်သွားမလို့လဲ?"
ကျွန်းဘာမှ မပြောဘဲ အပြင်ထွက်ရန်ပြင်နေတာမို့ မိုးဖျား လှမ်းမေး လိုက်တော့ ကျွန်းလှည့်ကြည့်လာကာ ...
"ကမ်းခြေဘက်..ခဏ"
"ကိုယ်လိုက်ခဲ့မယ် .."
မိုးဖျား ထပ်ပြီး စကားပြောစရာ မရှိတော့
တာမို့ နှုတ်ဆက်လိုက်ကာ ကျွန်း နောက်ကို
ထ လိုက်လာခဲ့သည်။သူတို့လို စိတ်ထဲကမပါဘဲ စကားစမြည်ပြောဆို
စားသောက်နေကြခြင်းကို ကျွန်း စိတ်မရှည်
ဘူးဆိုတာ မိုးဖျား သိပါသည်။အတော်လေးလူရှင်းတဲ့ အထိလျှောက်လာခဲ့ကြပြီး ကျောက်ဆောင်တစ်ခုပေါ်သို့ ကျွန်းက
တက်လာခဲ့တာမို့ မိုးဖျား လဲ လိုက်လာခဲ့လိုက်သည်။"ကျွန်းငယ် !"
"ဒီတစ်လိတ်ပဲ စိတ်ရှုပ်နေလို့ !"
ကျောက်ဖြာပေါ် ထိုင်ချပြီး ဘောင်းဘီအိတ်ကပ်
ထဲကနေ စီးကရက်တစ်ဗူးနဲ့ ဇစ်ပိုမီးခြစ် တစ်လုံး
ကို ဆွဲ ထုတ်လာတာမို့ မိုးဖျား တားမြစ်ဟန်
ခေါ်တော့ ကျွန်းက အသိပေးသလို ဆိုသည်။စီးကရက်ကိုမီးညှိပြီး နှူတ်ခမ်းမှာတေ့ ကာ အဝေး မှာ ထင်းနေအောင် မြင်နေရတဲ့ လ၀န်း ကြီးကို ငေးကြည့်၍ မီးခိုးငွေ့တွေ ဖွာနေအောင်
မှုတ်ထုတ်လိုက်ဟန်က အရိုင်းဆန်ဆန်နဲ့ တစ်မျိုး
လေးဆွဲဆောင်မူရှိသည်။အင်း..ကျွန်းက ဘယ်နေရာမှ မိန်းမ မဟုတ်တဲ့အတွက် မိန်းမ မဆန်ဘူး...ဒါပေမယ့် မိုးဖျား ကစိတ်မချဖြစ်ပြီးအရိပ်တကြည့်ကြည့် ချစ်နေရတာပါပဲ....
" ဘာအတွက် စိတ်ရှုပ် တာလဲ မစ်တာရစ်ကီကြောင့်လား?"
"နောက်တစ်ခါ ခင်ဗျား အဲ့လို ပွဲတွေရှိရင် ကျွန်တော့်ကို မခေါ်သွားစမ်းနဲ့ ! ခင်ဗျား သိတယ်မလားကျွန်တော်က ခင်ဗျားက လွဲရင် ဘယ်သူ့မှ
အကောင်းမြင်လို့ရတာ မဟုတ်ဘူး...""အခုနကတည်းက မကြိုက်ဘူးဆို မကြိုက်ဘူး
တစ်ခုခု ပြောပေါ့ ဘေဘီရယ်..အဲ့ နေရာမှာတင်
ရစ်ကီ ဆိုတဲ့ လူဖြူကောင်ကို ပုလင်းနဲ့၀င်ရိုက်
တောင် ကိုယ်ဘာမှ ပြောမှာ မဟုတ်ပါဘူး.."
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)