19

25.1K 1.1K 62
                                    

"မင်းတို့ Company က ၀န်ထမ်းအုပ်ချုပ်ပုံ ညံ့ဖျင်းလှချည်လား? ဟမ်...မင်းတို့ ၀န်ထမ်း၀င်
တိုက်လိုက်တဲ့ကားက အခုဘာဖြစ်သွားလဲ သိလား?"

ကျွန်း ပြောပါဦး ဆိုသည့်ပုံစံဖြင့် မေးဆတ်
ပြလိုက်သည်။

"ကား တစ်ခြမ်းလုံးရစရာမရှိသည့် အပြင် မောင်းလာတဲ့ငါ့သမီးပါ ဆေးရုံ တင် လိုက်ရတယ်ကွ.."

"ဪ.."

ကျွန်း ၏ အေးဆေးလှသော မထိတထိပုံစံကြောင့် တစ်ဖက်လူ၏ ဒေါသကိုပိုဆွသလိုဖြစ်ကာ...

"ဪ..ဟုတ်လား? မင်း လူကြည့်တော့ လက်တောက်လောက်နဲ့ ငါ့လို လူကို မထီလေးစား လုပ်နေတာ ဘာသဘောလဲ ?ဟင်..
ဒီပုံစံနဲ့ ၀န်ထမ်းတွေကို ဘယ်လို အုပ်ချုပ်နေလဲ "

"ဘယ်လိုအုပ်ချုပ်လဲ သိချင်လား ? ဟိုတစ်ယောက် ငါ့ကားထဲမှာ နံပါတ်တုတ် တစ်ချောင်းရှိတယ် သွားယူလာခဲ့.."

"ဟုတ်ကဲ့.."

"အခု ၀င်တိုက် တဲ့ကောင်က ဘယ်သူလဲ?"

ကျွန်း ‌ပြောလိုက်တော့ လူကြားထဲမှ ကောင်လေး တစ်ယောက် ကုတ်ချောင်းချောင်း ထွက်လာကာ အသံတိုးတိုးဖြင့်ပြောရှာသည်။

"ကျွန်..ကျွန်တော်ပါ... ဒါပေမယ့် ကျွန်တော့်အမှားကြီးပဲ မဟုတ်ပါဘူး...ဒီဦးလေးရဲ့ သမီးက
အတင်း ကပ်လိုက်လာတာလဲ ပါ ပါတယ်..."

"တော်.."

ကျွန်းတားလိုက်တော့ ထို၀န်ထမ်းလေး ပါးစပ်ပိတ်သွားရှာသည်။ လက်ထဲ ရောက်လာ
တဲ့ နံပါတ်တုတ် ကို လက်နဲ့ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာ ...တစ်ဖက်လူ၏ မျက်နှာကိုမော့ကြည့်လိုက်ပြီး...

"ဘယ်လို အုပ်ချုပ်လဲ ခင်ဗျား ကြည့်ထား.."

ကျွန်း တုတ်ကို တစ်ချက်လောက် လှည့်ပတ်ကစား လိုက်ကာ...မျက်စိရှေ့ရှိနေသော
၀န်ထမ်းကောင်လေး ၏ ဦးခေါင်းကို အားကုန်လွှဲရိုက်ပစ်လိုက်၏ ။

"အား !!"

ထို၀န်‌ထမ်းလေးနဲ့ ခေါင်းသည် အရှိန်ပြင်းသော
ရိုက်ချက်ကြောင့် သွေးတွေမြင်မကောင်းအောင် ပန်းထွက် လာတော့သည်။

"ဟာ.."

"ဟင်.."

ရပ်ကြည့်နေသော လူတွေ အကုန် ခြေလှမ်းတွေအနောက်သို့ အလန့်တကြား ဆုတ် ကုန်ကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြသည်။

PRETTY BAD BOY  (Complete)Where stories live. Discover now