3

33.6K 1.6K 193
                                    


"ဟိန်းမင်းသူ ငါမင်းကို G mail ကနေ အချက်အလက်တစ်ခုပို့ပေးမယ်ကွာ..အဲ့ဒါကို တစ်ချက်စုံစမ်းပေးစမ်းပါ.."

မိုးဖျား, ဟိန်းမင်းသူ ကို g mail ကနေ ကျွန်း ၏အိမ်လိပ်စာနဲ့ နာမည်ကို ပို့ပေးလိုက်သည်။

"အဟက်.."

စားပွဲ ပေါ်ကို လက်ဖြင့် တတောက်တောက်ခေါက်နေရင်းမှ သဘောတကျ ရယ်မိလိုက်သေးသည်။ ‌တွေ့ဖူးတာ နှစ်ခါပဲရှိသေးပေမယ့် မိုးဖျားရင်ထဲ တိုးလို့ပေါက်နေတာ ကျွန်းပဲရှိသည်။

စတွေ့ကတည်းက ကတ်ကတ်လန်အောင် စွာသောကောင်လေးက မထင်ထားလောက်သော မာန်မာနတွေကလဲ ဖုံးဖိနေသေးသည်။

တိုက်ခန်းလေးနဲ့ နေလို့သာပဲ..လေက တစ်စက်မှမလျှော့တဲ့ လူတတ်ကလေး..

အခုနေများဆို ဘာလုပ်နေလိမ့်မလဲ?

မိုးဖျားသိချင်စိတ် တွေပြင်းပြလာသည်။

"ငယ်ငယ်လေး.."

ခပ်တိုးတိုး ရေရွတ်မိပြီးသွားမှ မိုးဖျားခပ်ဟဟ ရယ်မိပြန်သည်။ တကယ့် ငယ်ငယ်လေး..မိုးဖျား နဲ့ဆို အသက်အများကြီးကွာမှာပဲ...

Laptop ကြီးရှေ့ချကာ ဘာမှလဲ မလုပ်နိုင်ဘဲ ကောင်လေး အကြောင်းသာ ထိုင်တွေးနေမိစဉ်..စိတ်ရှုပ်စရာ ဖုန်းသံက မြည်ဟီးလာ၏။

"မေသူ.."

"မောင် ."

မိုးဖျားသက်ပြင်းချမိသွားသည်။ ဝေးကွာ
နေတာများလို့လားမသိဘူး..ဒီနာမ်စားကိုတောင်မနှစ်မြို့မိတော့ဘူး...

"အင်း .ပြော"

"ဖုန်းကလဲ ဆက်ရခက်လိုက်တာ ! မောင်ရယ်..မေသူ ဖုန်းခေါ်ထားတာ မြင်ရင် ပြန်ခေါ်မှပေါ့.."

"မအားလို့ပေါ့.."

"မောင့်မှာ လက်အောက်ငယ်သားတွေ ဒီလောက်များတာတောင် ခဏ တဖြုတ် လက်လွှဲထားလို့မရဘူလား"

"ကိုယ့် Company ကလက်အောက်ငယ်သားတွေကိုအားကိုးတကြီး လက် လွှဲလိုက်ဖို့ ဖွင့်ထားတာ မဟုတ်ဘူး!ကိုယ့် နာမည်နဲ့ ကိုယ်ဦးဆောင်ဖို့ ဖွင့်ထားတာ.."

"ဟုတ်ပါပြီ မေသူ! မောင့်အကျင့်ကို သိရက်သားနဲ့ မှားပြောမိတာ..ဖုန်းမကိုင်တော့ မေသူကစိတ်ပူသွားလို့ပါ.."

PRETTY BAD BOY  (Complete)Where stories live. Discover now