22

23.1K 966 22
                                    

"ဘေဘီက ဘယ်နှစ်ခါပြောပြောလဲ မရဘူး! ကော်ဖီဖျော်ပြီးရင် ဇွန်း နဲ့မွှေပါဆိုတာကို အိတ်ခွံ
နဲ့ပဲ ပြန်မွှေပစ်တယ် !"

"အဲ့ဒါ သက်သာတယ်လေ မွှေပြီး လွှင့်ပစ်ရုံပဲ "

"အဲ့ဒါ ကင်ဆာ ဖြစ်တတ်တယ်လို့ ကိုယ်ပြောနေတယ်လေ ဘေဘီငယ်ငယ် "

"အင်းပါ..."

အင်းပါ သာ ပြောတာ နောက်တစ်ခါလဲ ဒီလိုပဲ လုပ်နေဦးမှာ မိုးဖျားသိသည်။

"ဒီနေ့ ဟိန်းမင်းသူ အိမ်မှာ လာနေလိမ့်မယ် !"

"ဘာလို့လဲ?"

"မင်းကို စိတ်မချလို့ပေါ့! အိမ်မှာ တစ်ယောက်ထဲ
ကျန်ခဲ့ရမှာ ဘယ်လိုမှကို စိတ်မချရပါဘူး...ကိုယ်
လုပ်စရာရှိတာ စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်ဘူး"

"ကျွန်တော် သူစိမ်းတွေနဲ့ မနေတတ်တာ ခင်ဗျား
သိရဲ့သားနဲ့..."

" ဟိန်းမင်းသူ က သူစိမ်း မဟုတ်ဘူး..."

ကျွန်း နှာခေါင်းလုံးလုံးလေးကို အသဲယားစဖွယ် ရှုံ့ပြနေသည်။ တီရှပ်အဖြူပွပွလေးနဲ့ ဆံပင်
အဖြူဖြူဖွာဖွာတို့ အပြင် မျက်နှာမှာ ပလာစတာ
တွေနဲ့ တကယ့် လူမိုက်ရုပ်ကလေးပင်....

ဘယ်လို ဟာလေးလဲ မသိဘူး...
တကယ် ချစ်ဖို့ ကောင်းတယ်....

မြင်ရတာ ပေါက်စီတစ်လုံးကို ပလာစတာတွေကပ်ပေးထားသလိုပဲ...

မနက်စာ စားပြီးတာနဲ့ မိုးဖျား အလုပ်သွားရင် ကျွန်းက အမြဲပြန်အိပ်လေ့ရှိတာမို့ တစ်ခါတစ်ရံ မျက်နှာ မသစ်ဘဲ မနက်စာ စားဖို့
ကြိုးစားတာကြောင့် မိုးဖျားက အမြဲ မျက်နှာသစ်ပေးနေရသည်။

"ကိုယ် အလုပ်သွားတော့‌မယ်နော်..."

တစ်ဖန်ပြန်အိပ်ချင်နေတဲ့ ကျွန်းကိုအိပ်ယာ
ထဲ ပြန်လိုက်ပို့ကာ မိုးဖျား အလုပ်လာခဲ့ လိုက်တော့သည်။ အလုပ်ဆိုသော်ငြားလဲ တကယ်တမ်းကရှင်းစရာကိစ္စ ရှိနေ၍ပင်...

မဟုတ်ရင် ဒဏ်ရာ ရနေသော ချစ်သူအနားသာ
တစ်နေကုန် အီ နေလိုက်ချင်ပါသည်။

မိုးဖျား ရုံးကို ရောက်တော့ ၀န်ထမ်းတွေ သည် မိုးဖျားဆီအပြေးရောက်လာကာ...

PRETTY BAD BOY  (Complete)Where stories live. Discover now