5

34.4K 1.6K 84
                                    





မိုးဖျား ၏ နေ့ရက်တွေသည် သာမန်ထက်ပို
ပြီး လတ်ဆတ်နေသကဲ့သို့ ရှိသည် ။ အပြင်မှာ မိုးစွေစွေ ရွာပြီး အုံ့မှိုင်းနေပေမယ့် ရာသီဥတုကသူ့အတွက် ကွက် ပြီး သာယာနေသလို လန်းဆန်းတတ်ကြွနေသည်။သီချင်းတအေးအေးနဲ့ အိမ်ပေါ်ကနေ ဆင်းလာခဲ့ပြီး လက်ဆွဲအိတ် အိတ်ကို ကားထဲ ပစ်လိုက် ကာကားကို ဆယ်ကျော်သက်ကလေးလို မြောက်ကြွကြွ နဲ့ မောင်းလာခဲ့လိုက်သည်။

"ဟယ်လို.."

မိုးဖျား နားကြပ်ကို နားမှာ တပ်လိုက်ရင်း
စားနေကျ စားသောက်ဆိုင် ကို ဖုန်းဆက်ပြီး စားစရာများကို မှာယူလိုက်‌ သေး၏။

"မနက်စာ အတွက် ကောင်းတာ မှန်သမျှ ..တိုက်ခန်း နံပါတ်**ကို ပို့ပေးပါ...နားကြားမမှား ဘူး..မမှားဘူး...ဆယ်မျိုးရှိ ဆယ်မျိုးလာပို့အိုကေ.."

ဘေဘီငယ်ငယ်လေး နဲ့ မနက်စားမည်။ ပြီးမှ ရုံးသွားမည်ဟု မိုးဖျား တွေးထားလိုက်သည်။

မင်းဘ၀ကိုကယ်တင်မယ့် မီးအိမ်ရှင်ကြီး ကားမောင်းပြီး လာနေပြီ မို့  ကြိုဆို ဖို့သာ ပြင်ထားလိုက်စမ်းပါ....

မနေ့က နှုတ်ခမ်းအိစိစိလေးကိုနမ်းရပြီးကတည်း
က လူကမြောက်ကြွနေတော့တာ ဖြစ်သည်။

တိုက်ခန်းဆီသို့ တက်လာလိုက်ပြီး တံခါးကို တတောက် တောက် ခေါက်လိုက်တော့ တော်တော်နဲ့ မထွက်လာ...

ရတယ်..ကိစ္စမရှိဘူး ထပ်ခေါက်မယ်...

သုံးခါမြောက်မှာ မျက်နှာ ပြောင်တင်းတင်းလေးတစ်ခု တံခါးကြားကနေ ပေါ်ထွက်လာခဲ့သည်။

"ဟိုင်း..ငယ်ငယ်လေး.."

မိုးဖျား လေတချွန်ချွန်ဖြင့် အိမ်ထဲ ၀င်လာ
လိုက်ကာ ဆိုဖာပေါ် တင်ကလယ်ချိတ်၍ ထိုင်လိုက်သည်။ အိမ်ပိုင်ရှင် ကျွန်းမှာတော့ ဘယ်သူ့ကို ငယ်ငယ်လေး ဟုနှုတ်ဆက်သွားမှန်း
မသိသဖြင့် ကြောင်တောင်တောင်...

"အစောကြီးနိူးနေတာပဲ...အိုးမိုင်ဂေါ့ဒ်..ငါ့ရဲ့ Limited တီရှပ်..ည၀တ်အိပ်ပစ်တာတော့မဟုတ်ပါဘူး နော်..."

မိုးဖျား ပါးစပ်ကို လက်ဖြင့်အုပ်ကာအံ့ဩ
နေဟန် ပိုပိုသာသာ လုပ်ပြနေသည်။

PRETTY BAD BOY  (Complete)Where stories live. Discover now