အဖြူရောင် အစ လေးကို ဖယ်ခွာ လိုက်ချိန်မှာတော့ ကျွန်း ခြေလှမ်းတွေ ပြိုလဲ မတတ် ဖြစ်သွားခဲ့သည်။
အားလုံး ပြီးသွားခဲ့ပြီ...အားလုံး ငြိမ်းချမ်းသွားခဲ့ပြီ...
ကျွန်း ဘ၀ထဲမှာ အစ်ကို လင်းသူ မရှိ တော့ဘူး...
ဒေစီပန်းတွေ ကို ချစ်တတ်တဲ့ အစ်ကို မရှိတော့ဘူး....
ကျွန်းကလေးလို့ ခေါ်တတ်တဲ့ အစ်ကို မရှိတော့ဘူး...
အပြုံးလေးတွေနဲ့ ငြိမ်းချမ်းနေတဲ့ အစ်ကို မရှိတော့ဘူး....အမေ..ပြီးတော့..အဖေ..အခု အစ်ကိုလင်းသူကပါ..ကျွန်းကို ထားသွားကြပြီ...
အခုထိ ..အခုထိ ဘာလို့ ထမကြိုတော့တာလဲ အစ်ကိုရယ်..ကျွန်းငယ် လာတယ်လေ...
ဆံပင်တွေမရှိတော့လို့ အမြဲ ဆွယ်တာ ဦးထုပ်
ကလေးဆောင်းထားရတဲ့ အစ်ကိုရယ် ကျွန်တော် လာနေပြီ...ထကြိုပါဦး...အစ်ကို လင်းသူက အိပ်ပျော်နေတာလား? မျက်၀န်းတွေ မှေးမှိတ်ထားပြီး ငြိမ်သက်နေလိုက်တာ...
အစ်ကိုရယ်...ကျွန်တော် ကျောင်းထွက်ပြီး ကျွန်တော့်ဘ၀တစ်ခုလုံးကိုရင်းခဲ့တာ အစ်ကို ဒီလိုထွက်သွားဖို့ မဟုတ်ဘူးလေ...
ကျွန်တော် အစ်ကို့ကြောင့်သစ်ပင်တွေရှိတဲ့ အိမ်ဖြူဖြူတစ်လုံးကို လက်ခံထားတာ အစ်ကို့ကိုတောင် ခေါ်မပြရသေးဘူးလေ...
ဘာလို့...အစ်ကိုတစ်ယောက်ထဲတောင် ကျွန်တော့်အနားမှာ မရှိပေးနိုင်တာလဲဗျာ....
ကျွန်းလက်တွေတုန်ယင်ကာ အေးစက်နေပြီဖြစ်တဲ့ အစ်ကို့ လက်တွေကို ဆုပ်ကိုင်လိုက်သည်။ အကျယ်ကြီးလဲ အော်မငိုဘဲ စို့စို့နင့်နင့်ကြီးဖြစ်နေလို့ ရင်ဘတ်တွေပိုအောင့်လာသယောင်....
"ကိုကျွန်း..."
ကျွန်းလှည့်ကြည့်လိုက်တော့ အစ်ကိုလင်းသူကို အမြဲစောင့်ရှောက်ပေးခဲ့သော သူနာပြူ
တစ်ဦးအား တွေ့လိုက်ရသည်။"ကိုလင်းသူက..ကိုကျွန်း လာရင်ဒါလေးပေး
ဖို့ မှာသွားတယ်..."ကမ်းပေးလာတဲ့ စာအုပ်ကလေးကို လှမ်းယူလိုက်
ပေမယ့် ကျွန်း နားမလည်ပါ...အစ်ကိုလင်းသူက ဒီလို ဖြစ်မယ်ဆို တာကြိုသိနေလို့လား...
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)