2

42.1K 1.8K 104
                                    

"ဘာမှ နားမလည်ဘဲ မဝေဖန်နဲ့ ငါ့ဘ၀က မင်းဘ၀ မဟုတ်ဘူး...ကိုယ့် ဘ၀ နဲ့ ကိုယ်နေ ကိုယ့်သမိုင်း ကိုရေး..."

"ကျစ် ! သူငယ်ချင်း အချင်းချင်း ဒါမင်းပြောရမယ့်စကားလား?"

"သူငယ်ချင်းဆိုတာ မင်းဘက်က သတ်မှတ်ထား
တာလေ !သူငယ်ချင်းဆိုတာ အသုံးမ၀င်တဲ့ နာမ်စား...‌‌ မွေးကတည်းကတစ်ယောက်ထဲမွေးလာတာ သေလဲ တစ်ယောက်ထဲ သေမှာပဲ..မလိုအပ် တဲ့ ပကာသန တွေကို မင်းတို့မိုလို့ ခင်တွယ် နေတယ်..သောက်ရေးမပါဘူး.."

သူ့ထက် ရုပ်တည်ကြီးနဲ့ သာ နေနေရပေမယ့် စိတ်ထဲ မှာ တော့ အောင့်သက်သက်..ကျွန်းလိုလူက တစ်ရာမှာ တစ်ယောက်ပင် မရှိနိူင် တဲ့ လူမျိုး..

ဒါကြောင့် ကျွန်း ကိုခင်တွယ်ပေးမယ့်သူတစ်
ယောက်မှ မရှိတာ... အရေးကြုံလို့ လမ်းဘေးမှာ
အကူအညီလိုရင်တောင် အော်တောင်းချင်တဲ့အကူအညီ ကို နှုတ်ခမ်းကိုက်ပြီး ကိုယ့်စိတ်ကို တားထားမယ့်လူမျိုး..ဘယ်လို ကြောင့်လူတွေကိုဒီလောက်အယုံအကြည် မရှိနေတာလဲ မသိပါဘူး...

မာန ဆိုတာကလဲ ကြီးလိုက်တာ..တစ်ယောက်ထဲနေမယ် တစ်ယောက်ထဲသေမယ်.. ဘယ်သူမှ လာမနွယ်နဲ့ ဆိုတဲ့ မာန ကလဲ ခေါင်ခိုက်နေလိုက်သေးသည်။

ခြေထောက် နှစ်ချောင်းကို စားပွဲပေါ် ဆန့်တင်ထားပြီး ဆေးလိပ်ဖွာနေတဲ့ ကျွန်း ကို ကြည့်ပြီး သူ့ထက် ခေါင်းယမ်းလိုက်သည်။

အလကားရလာတဲ့ ကားကို ရောင်းစားပစ်တာများတစ်ချက်လေးတောင် တုံ့ဆိုင်းခြင်းမရှိ...ဟိုက နာမည်တော့ မေးသွားတယ်တဲ့...မတော်လို့ဟိုကလှည့်ကွက်အနေနဲ့ ကားသူခိုးပါ လို့ စွပ်စွဲပြီးထောင်ကျရင် ဘယ်လိုလုပ်မလဲ?

အဲ့ဒါပြောတာကို လက်မခံဘဲ ခေါင်းမာနေသည်။

"မင်း တိုက်ခန်းလဲ ဟိုနေ့ကမှ ငါရှင်းခဲ့ပေးတာပါ..အခု ခြေချစရာတောင် မရှိပါဘူးလားကွ.."

"ခြေချ စရာမရှိရင် မချနဲ့ပေါ့.."

"ကျစ်..မင်းနဲ့ပြောရဆို ရတာလဲ ကီးကို မကိုက်ဘူး!!"

"ကီးကိုက်ရအောင် သံစဉ်ညှိနေတာလဲ မဟုတ်"

သူ့ထက် တကယ် သူ့ကို နိုင်အောင်မ ပြောနိုင်...
မနေနိုင်တဲ့ကိုယ်ကပဲ ကြွပ်ကြွပ်အိတ်တစ် လုံးရှာကာအမှိုက်တွေလိုက်ကောက်ထည့်ပြီး တံမြက်စည်းလှည်း ဖုန်ခါ တာ လုပ်ပေးလိုက်သည်။

PRETTY BAD BOY  (Complete)Where stories live. Discover now