"ကြက်ဥကြော်ကြီး စားချင်ဘူး ."
"ဘာဖြစ်လို့လဲငယ်ငယ်လေးရဲ့...မင်း ကြက်ဥကြော်နဲ့ နွားနို့သောက်ရတာ ကြိုက်တယ် မဟုတ်ဘူးလား?"
"ကြက်ဥကြော်က အရိုးစူးတယ် "
"အမ် "
မိုးဖျား မျက်လုံးပြူးကြီးနှင့် ကျွန်းကိုလှည့်ကြည့်လိုက်တော့ ဖွာလန်ကြဲနေသော ဆံပင်ဖြူဖြူတွေ အောက်က မျက်၀န်းတစ်စုံကလဲ တွေဝေခြင်းမရှိပြန်လည်မော့ကြည့်နေသည်။
ကြက်ဥကြော် အရိုးစူးတယ်လို့ ဘယ်မှာမှ မကြားဖူးကြဘူးမဟုတ်လား?
အင်း..ဒီမှာတော့ ကြားဖူးတယ်..သူမစားချင်ဘူး
ဆို ဖြစ်နိုင်တာရော မဖြစ်နိုင်တာရော အကြောင်းပြချက်တွေပေးကာ စူပုတ်ပြီးငြင်းတတ်တာ ကျွန်း အကျင့်ပင်..."ဘာလဲ မယုံဘူးလား?"
"ငယ်ငယ်လေးပြောတဲ့ စကားတိုင်း ကိုယ့်အတွက်မှားနေတာ တစ်ခုမှ မရှိဘူးလေ..မယုံစရာလား? ကဲ ..ပြော..ကိုယ့်ရင်ဘတ်ထဲက ဟောဒီနှလုံးသားငယ်ငယ်လေးက ဘာစားချင်တာလဲ?"
အနားကို လာထိုင်ရုံမက ရင်ဘတ်ကိုပုတ်ပြပြီးမေးလာသော မိုးဖျား က အရာအားလုံးလိုက်လျောပေးမည့်ဟန်ဖြစ်သည်။
ခပ်ထူထူ နှုတ်ခမ်းတစ်စုံ က ကျွန်း ကို မြင်နေတိုင်း ပြုံးယောင်သမ်းနေတတ်တာမို့ အခုလဲ ခပ်ပြုံးပြုံးဖြင့် ငေးကြည့်နေပြီး ပွရှုပ်နေသော ဆံပင်တွေကိုသပ်တင်ပေးလာသည်။
"ပဲခေါက်ဆွဲ "
"မနက်စာကို ပဲခေါက်ဆွဲ လား ငယ်ရဲ့..."
ကျွန်း ခေါင်းညိတ်ပြလိုက်တော့ နားသယ်စပ်ကို တစ်ချက်ဖိနမ်းကာ ထိုင်ရာမှထသည်။
ခေါက်ဆွဲခြောက်ထုပ်နှစ်ထုပ်ကိုယူ၍ စားပွဲ ပေါ်ချလိုက်ကာ ရေနွေးကိုအရင် တည်ထားလိုက်သည်။
"ဘဲကြီး! မနက်ဖြန် ကျွန်တော်နဲ့လိုက်ခဲ့ပါလား?
ကျွန်တော် လိုနေတာတွေရှိလို့...""ဟင်! ဘာလို့လဲ ခါတိုင်းလဲ တစ်ယောက်ထဲသွားနေတာကို...ပိုက်ဆံမရှိတော့လို့လား? ကိုယ်
လုံလုံလောက်လောက်ပေးလိုက်မယ်လေ..ဘေဘီ့ကဒ်ထဲလဲ ကိုယ် ထပ်ထည့်ပေးထားမယ်..."
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)