9

30.1K 1.3K 117
                                    



"ကျွန်း..!"

ရုံးခန်းထဲ ရောက်မှ ကျွန်း ပခုံး နှစ်ဖက်ကို
ကိုင်ကာ မျက်နှာချင်း ဆိုင်စေလိုက်သည်။ ကျွန်းသည် အပြစ်ကင်းသော မျက်၀န်းငယ်လေး
များဖြင့် မော့ကြည့်နေသည်။

"ဒီလောက် တောင် ဆိုးရလား?"

"ကျွန်တော့် စရိုက်က အဲ့လိုပဲလေ..သိရဲ့သားနဲ့
ချစ်ခဲ့တာ မဟုတ်ဘူးလား?"

"ရပ်ကွက် စရိုက်တွေ ငါ့ Company ထိတော့ သယ်လာမပေးနဲ့လေ..ဒါ မိုးဖျားထက်ဘုံ ရဲ့
Company ..မင်းသွားနေကျ ဗရုတ်သုတ်ခ Club
တစ်ခု မဟုတ်ဘူး..."

"ဘဲကြီး !ကျွန်တော်က ခင်ဗျားကို လိုအပ်လို့ ခင်ဗျားဆီ လာတာ...ကျွန်တော် နေမကောင်းဘူး..အဲ့ဒါကြောင့် ခင်ဗျား ဂရုစိုက်တာ ခံချင်တယ်...ဒါပဲလေ..."

"ဒါပေမယ့် ! မင်းလုပ်ချသွားတာကြည့်... ငါ့ကို
လူတွေ ဘယ်လို ထင်ကုန်ကြမလဲ?"

ကျွန်း အံ့ဩဟန်ဖြင့် မျက်လုံးလေးဝိုင်းကာ
နှုတ်ခမ်းလေးဟ သည်။

"ဟော်...လူတွေ သိမှာ ကြောက်တယ်လား?ဘာလဲ ကျွန်တော်က ခငိဗျား အတွက်တိတ်တိတ်ပုန်း
အငယ်အနှောင်းလား?"

မိုးဖျားဆတ်ခနဲ ကျွန်းမျက်နှာလေးကိုကြည့်မိသွားသည်။

မဟုတ်ဘူးလို့..ငြင်းလေ...ငြင်းလိုက်စမ်းပါ..
မိုးဖျားမျက်နှာ ဖြူဖျော့လာရုံမှ အပ ပြောစရာစကားလုံးမရှိ...

ကျွန်းရယ်သည်။ ဒါပေမယ့် မိုးဖျား တွေ့ဖူးသလို ဖြူဖြူစင်စင်ကလေး ရယ်တာ မဟုတ်..

လှောင်ပြောင်နေတဲ့ မဲ့ရွဲ့‌ဟန်နဲ့ဖြစ်သည်။

"ထင်ပါတယ်... မလိုချင်ပါဘူး လို့ ကျွန်တော်ငြင်း
ဆန်နေတုန်းက ခင်ဗျားပဲ ကျွန်တော့် ဘ၀ထဲကို အတင်း..တိုး၀င်လာခဲ့တာ...အဲ့ဒီ ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေကို အတင်းပြင်ချင်နေခဲ့တာလေ...အခုကျမှ ကျွန်တော့်အကျင့်တွေကို လက်မခံ နိူင်ဘူးဆိုပြီး ပြန်ထွက်သွားလို့ မဖြစ်ဘူးနော်..ကျွန်တော် လက်မခံနိူင်ဘူး.."

ကျွန်း သူ့ကို သိပ်ချစ်သည်။အခုချိန်ကျမှ
တော့ မိုးဖျားဘက်က အပျော်တမ်းသဘောထားခဲ့တာပါဆိုရင် ကျွန်း ရင်ကွဲရ
လိမ့်မည်။

PRETTY BAD BOY  (Complete)Where stories live. Discover now