"ဘဲကြီး အိမ်ရှေ့မှာ လူလာနေတယ် သွား.."
မျက်လုံးတွေ မပွင့်သေးဘဲ မိုးဖျားကို အတင်းလှုပ်နိုးကာ ကျွန်း တဂျီဂျီ ပြောနေ
ပြီးအတန်ကြာမှ ကျွန်း အိပ်ချင်မူး
တူးဖြင့် တံခါးသွားဖွင့်၏။ညက ကျွန်း ကိုတစ်ယောက်ထဲ ထားခဲ့ရမှာ
စိတ်မချသဖြင့် မိုးဖျား ပါ ဒီအိမ်မှာပဲ အတူတူ အိပ်စက်လိုက်ခြင်းဖြစ်သည်။ယခုမနက်မှာတော့ ဘယ်သူက အသဲအသန် ဘဲလ်တီးနေလဲ မသိ...ကျွန်း အိမ်ကို ဘယ်သူ
ကလာတတ်သေးတာလဲ..မိုးဖျား မပွင့်တပွင့်မျက်လုံးများ ဖြင့် တံခါး
ဖွင့်လိုက်သည်။"မောင်.."
"ဟင်..မေသူ မင်း ဘယ်လိုလုပ်ဒီအထိ.."
မိုးဖျား တကယ်ကို မအံ့ဩဘဲ မနေနိုင် ဘယ်လို လုပ် ဒီအထိ ရောက်လာရတာလဲ?
သူမက မိုးဖျား ကို တွေ့တွေ့ချင်းပဲ...
"မောင်ရယ်..လုပ်ရက်လိုက်တာ မေသူကသာ
အံ့ဩရမှာပါ...ကိုယ့်မယားရှိတဲ့ အိမ်ကို ပြန်မလာဘဲနဲ့ တစ်ညလုံးမောင်က ဒီမှာ ဖောက်ပြန်...""မင်းပါးစပ်ကိုပိတ်ထားစမ်း !"
မိုးဖျား အံကြိတ်ပြီးပြောလိုက်ကာ အနောက်ကို လဲ လှည့်ကြည့်ရသေးသည် ။ ကျွန်း နိူးသွားရင် စိတ်မကောင်း ဖြစ်သွားနိုင်သည်
မဟုတ်ပါလား?" သေချာချင်လို့ လိုက်လာတာ ဟုတ်နေတာပဲ...
မောင် အခုချက်ချင်း မေသူ နဲ့ပြန်လိုက်ခဲ့..""မေသူ မင်းဘယ်လို ပြောမှ အသ်ိတရားရှိမှာ
လဲ? ဒီအိမ်အထိ လိုက်လာတာကိုတော့ မင်းလွန်ပြီ ""ဘဲကြီး ဘယ်သူလာတာလဲ??"
မိုးဖျား လှည့်ကြည့်လိုက်တော့ ကျွန်း
မျက်လုံးလေးတွေကို ပွတ်သပ်ကာ ခေါင်းစုတ်ဖွား ကလေး နဲ့ ထွက်လာတာ မြင်လိုက်ရသည်။မေသူ အံကိုကြိတ်ပစ်လိုက်ရသည်။
သူမ မှာတော့ ညက လည်တဆန့်ဆန့်နဲ့ မိုးဖျားပြန်လာမှာကို မျှော်နေခဲ့ရတာ...သူတို့ကတော့
ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်ပေါ့လေ...ကျွန်း အခုမှ မေသူ့ကို တွေ့သွားပြီးကြောင်
တောင်တောင်လေးဖြစ်သွားကာ မိုးဖျား ကို
မော့ကြည့်လိုက်သည်။
YOU ARE READING
PRETTY BAD BOY (Complete)
Fanfiction"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)