အချစ်ဦး အခ်စ္ဦး

1.6K 115 12
                                    

Unicode

ကျွန်တော့်အတွက်တော့ငယ်က.....

အချစ်ဦးပါ ။။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
.
.
.
.
.
.
.
.
.
.
.
"ငယ်"

အိပ်ရာထက်မှလူးလိမ့်နေရင်း ရင်ခွင်ထဲကိုတိုးကာဖက်ထားတယ့် ကျွန်တော်ရဲ့ ချစ်ရတယ့် *ငယ်*

"ကို......"

လက်နှစ်ဖက်ကိုမြှောက်ပြီး အပျင်းကြောလေးဆွဲနေတယ့် ချစ်ရတယ့်သူ လူသားငယ်လေးကြောင့် ပါးလေးတစ်ဖက်ကိုနစ်ဝင်အောင်အထိ နမ်းလိုက်တယ်

"ဖယ်ကွာ...."

ထိကပ်နမ်းထားပြီး မလွတ်ပေးသေးတယ့်ကျွန်တော့်ကို ငယ်က ရင်ဘက်လေးအား လက်သီးဆုပ်လေးတွေနဲ့ ထုပြီးရုန်းနေသတဲ့..

"ချစ်တယ်..."

ကျွန်တော်လည်း ပြောလိုက်ရော အလိုကျစွာတွန့်ကွေးလာတယ့် နှုတ်ခမ်းထောင့်စွန်းလေး

"ငယ်က...ကို့ ကိုမချစ်ဘူးဆိုရင်ရော.."

အပြုံးလေးနဲ့ပြောလာတယ့် ငယ့်ရဲ့ စကားဟာ ကျွန်တော့်ရင်ထဲမှာနင့်​ေနအောင်ခံစားသွားရ​ေပမဲ့ အတတ်နိုင်ဆုံးမျက်နှာကိုထိန်းကာ ဟန်ဆောင် ပြီးပြုံးပြလိုက်ပါတယ်....
ထို့နောက်ပါးလေးတစ်ချက်အားနမ်းကာ...

"ရွှတ်~~ငယ်မချစ်လဲဘာဖြစ်လဲ ကိုယ်က ချစ်ပေးမှာပေါ့"

"ဟ..ငယ့်ကို စိတ်မကုန်ဘူးလား ကိုယ်"

ခပ်ဖွဖွလေးရီပြီးမေးလာတယ့်လူသာလေးကြောင့် ကျွန်တော်ခေါင်းကိုရမ်းပြလိုက်တယ်...

"ကိုယ်က ငယ့်ကို ဘယ်တော့မှစိတ်မကုန်ဘူး
ငယ်သာ ကိုယ့်ကို စိတ်မကုန်သွားပါနဲ့"

နှုတ်ခမ်းပါးလေးအားပွတ်ကာပြောလိုက်တော့ ငယ်က "ခစ်" ဆိုပြီး ရီသံထွက်လာလေတယ်

"ဖယ်တော့...ကျောင်းသွားရဦးမယ်"

ကျွန်တော့်အားတွန်းကာ ေရချိုးခန်းထဲပြေးဝင်သွားသော ငယ့်ကိုယ်လေး မျက်စိအောက်က ပေျာက်သွားမှ သက်ပျင်းလေးချပြီး အိပ်ရာပေါ်သို့ ​ခြေပစ်လက်ပစ် လှဲချမိတယ်

"ငယ်ကို ကိုယ်က သိပ်ချစ်တာ...
ဒါ​​ပေမဲ့ ငယ်က ကိုယ့်ကို မချစ်ဘူးတယ့်လား"

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now