ဆုံတွေ့မှု

621 81 50
                                    

Unicode

တစ်ယောက်နဲ့တစ်ယောက်စကားမပြောသေးသည်မှာ တစ်နာရီခန့်ရှိနေပြီဖြစ်တာကြောင့်ကြားထဲမှဝန်ထန်းများသာမျက်လုံးများခပ်လှုပ်လှုပ်ဖြစ်ရသည်။တည်ငြိမ်နေတယ့်မျက်လုံးအစုံနဲ့အတူအလိုမကျသည့်မျက်နှာ တို့ကဘေးနားတွင်ရပ်ကြည့်နေသည့်လူအချို့အားအလိုလိုနေရင်း ရင်တုန်စေသည်။

ရောက်လာထဲကအကြည့်ချင်းပြိုင်နေတဲ့ သူတို့နှစ်ဦးဟာတစ်ယောက်နဲ့တစ်ယောက်မမြင်ဘူးတာလဲမဟုတ်ပဲနဲ့ မျက်တောင်မခတ်တမ်း။ဘာကိုမကျေနပ်လဲတော့မသိ။နှစ်ယောက်လုံးရဲ့မျက်လုံးတွေမှာတော့နီရဲနေတယ်ဆိုတာပေါက်ထွက်မတတ်။ယှဥ်ပြိုင်နေသည့် companyနဲ့ ယှဥ်ပြိုင်ခံနေရသည့်companyမို့ တစ်ဖက်ကJung CEoမှာ အခဲမကျေသည်မှာမဆန်း။

"အဟမ်း!"

ချောင်းဟန့်လိုက်တဲ့အဖွဲ့မှုူးရဲ့အသံအဆုံးနည်းနည်းလေးလှုပ်လှုပ်ရွရွ ဖြစ်လာသည့်ဝန်ထမ်းအချို့နှင့်CEO Jeon။

"တွေ့ရတာဝမ်းသာပါတယ်"

စတင်နှုတ်ဆက်လာသည့်CEO ဂျွန်မှာမျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားသည်။ဖြစ်နိုင်လျှင်ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်လိုက်ချင်ပေမဲ့ကြားထဲမှငယ့်မျက်နှာကိုသာမြင်ယောင်ရင်းသူစိတ်ကိုတစ်ထစ်လျှော့ချလိုက်သည်။တစ်ဖက်ကလူမှာသူ့ကိုနှစ်လိုစွာပြန်ပြုံးလာသည်အထိ။

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်,CEO Jeonက ဓာတ်ပုံထဲမှာထက်အပြင်မှာပိုချောသလိုပဲနော်"

"အများကတော့ဒီလိုပဲပြောကြတာပါပဲ ကျွန်တော်ကတော့ ရုပ်ရည်ပိုင်းမှာအဲ့လောက်ထိ confidence မရှိဘူးဗျ"

"ဟား! ဟား! ဒါကနှိမ့်ချပြောဆိုခြင်းပဲ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှမဟုတ်ပဲနဲ့မြှောက်မပြောတတ်ဘူး ဘာကိုမှလည်းအားနာစရာမလိုတဲ့အတွက် ကိုယ့်မျက်လုံးမှာမြင်ရင်မြင်တဲ့အတိုင်း သဘောကျရင်ချီးကျူးတတ်တယ်"

"CEO Jungက စကားပြောပွင့်လင်းသားပဲနော်"

"ဒါပေါ့ MRB Groupက CEOကြီးပဲ အားလုံးထက်ပိုပြီးပွင့်လင်းရမှာပေါ့ အထူးသဖြင့် ဒီက ဒုCEOရဲ့ အကြောင်းနဲ့ပက်သက်ပြီး..."

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now