Unicode
အမေ့ရဲ့သားမိုက်....(၁၁)။
~~~~~~~~~~~~~
မောင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကတော့အဆင်မပြေတာ ၁ပတ်ကျော်လောက်ရှိပြီ မောင်ကအခေါ်အပြောလည်းသိပ်မလုပ်တော့သလိုအရင်လိုလည်း စကားတောင်ကောင်းကောင်းမပြောတော့ပါ
ကျွန်တော့်ဘက်ကမနေနိုင်လို့လိုက်ပြီးစကားပြောတိုင်းမောင်ကအမြဲဆူငေါက်တယ် အကြောင်းပြချက်တွေကတော့စုံလို့ပဲ အလုပ်ရှုပ်နေလို့...မအားလို့...စကားပြောချင်စိတ်မရှိလို့...နားညီးလို့ဆိုတယ့် စကားတွေပါပဲ
ခြေမငြိမ်တတ်တယ့်မောင်က ဆူဟိုဆိုတယ့်ကောင်လေးအပြင်အခြားကောင်လေးတွေရောကောင်မလေးတွေရောအများကြီရှိသေးတယ်..။ဟန်မဆောင်တမ်းပြောရရင်သိပ်ကိုနာကျင်ရပါတယ် အရင်တုန်းကကျွန်ေတာ့်နောက်ကွယ်မှာမသိအာင်ဖောက်ပြန်တတ်တဲ့မောင်ကအခုဆိုရှေ့တင်လည်း ဖောက်ပြန်တတ်နေပြီ...။
"ဟူးး မောင်ဒီနေ့လဲပြန်မလာတော့ဘူးနဲ့တူပါတယ်"
မောင်ကအိမ်ပြန်မလာတာ၃ရက်ရှိပြီ....
စိတ်ပူနေတယ့်ကျွန်တော့်ကိုဖုန်းလည်းမဆက်သလို စာလည်းမပြန်ပေ သတိရလို့ကျွန်တော်ကဖုန်းဆက်ရင်တောင် မောင်ကမကိုင် တစ်ခါတစ်လေဆိုဆက်တောင်ပိတ်လိုက်သေးတယ်စိတ်သွားတိုင်းကိုယ်မပါလို့လားမသိဘူးကျောင်းတွေလည်းခနခနပျက်သလို အစားတောင်မှ မနက်စာနဲ့ညစာ စားချိန်မမှန်တော့ပေ အရမ်းချူချာတတ်လွန်းတယ့်ကျွန်တော်က အခုရက်ပိုင်းတွင်အအေးမိပြီးခနခနဖျားတတ်သည်..။ ကျွန်တော်ဖျားနေချိန်ဆို အမြဲတမ်းဂရုတစ်စိုက်ရှိေနပေးတတ်တယ့်မောင်ကအခုဆိုရင် ဘယ်သူ့ကိုများသွားပြီးဂရုစိုက်နေမလဲမောင်ရယ်....
လွမ်းလိုက်တာ....မောင်မရှိတယ့်အချိန် မောင်ကျွန်တော့်ကို ထားခဲ့တယ့်အချိန်တွေဆို ပြောမပြတတ်အောင်ကို အရမ်းလွမ်းတာ
ဒေါက်~ဒေါက်
"အကိုလေး ဆရာတို့ပြန်ရောက်ပြီ"
အပြင်ဘက်မှအိမ်တော်ထိန်းကြီးအသံကြောင့်ကျွန်တော်ဝမ်းသာအားရ တံခါးပြေးဖွင့်မိတယ်
![](https://img.wattpad.com/cover/283049928-288-k433410.jpg)
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope