Unicode
တောင်းပန်ပါတယ်....မင်(၁၀)။
~~~~~~~~~~
"အခြေနေတွေအားလုံးကိုဆက်ပြီးစောင့်ကြည့်ထား ကြားလား"
"ဟုတ်သူငှေး"
"အေး ငါတို့နောက်တစ်ပတ်နေရင်ပြန်ရောက်မယ် အခုကိစ္စတွေကိုသားမသိစေနဲ့"
"ဟုတ်ကဲ့ပါ သူငှေး"
"အဲ့တာဆို ငါဖုန်းချလိုက်တော့မယ်"
ဇတ်ခနဲ့ကျသွားသောဖုန်းကိုကြည့်ပြီး ကျွန်တော်သက်ပျင်းချမိသည်။ အခုရက်ပိုင်းအတွင်းအကိုလေးနဲ့သခင်လေးရဲ့အခြေနေတွေကို ကျွန်တော်အားလုံးသိသည်လေ
အိမ်တော်ထိန်းလည်းဖြစ်တာကြောင့်
နောက်ပြီးအလုပ်သမားတွေကိုပါဦးစီးနေရတာကြောင့် အကိုလေးနဲ့သခင်လေးဆက်ဆံရေးကို တစ်ခြားသူမသိအောင်ဖုံးကွယ်ထားရသည်မှာလွယ်တော့မလွယ်လှမာနမိုးတွေပြိုင်နေကြတယ့်သားအဖနှစ်ယောက်ကြားမှာ အပစ်မရှိတယ့်ကလေးတစ်ယောက်ကတော့မကြာခင်ပေးဆပ်ရတော့မည် ။ ဒီကလေးဟာ ကျွန်ေတာ့်ကိုသိပ်ခင်တွယ်တယ့်ပုံ ဒီအိမ်မှာအလုပ်လုပ်လာခဲ့တယ့် ၁၀နှစ်လုံးလုံး သခင်လေးက သူ့ကို"ဦး"လို့တစ်ခါမှမခေါ်ဖူးပေ ဒါပေမဲ့ဒီကောင်လေးကတော့ သူ့ကို"ဦး"တယ့်...
မနက်ကအကိုလေးကိုအရွဲ့တိုက်ပြီး သခင်လေးလုပ်လိုက်တယ့်ပုံစံကိုဘေးနားမှာကြည့်နေတယ့်ကျွန်တော်ကအကောင်းဆုံးနားလည်သည် သခင်လေးကစိတ်ပါလို့လုပ်တာမဟုတ်ဘဲထိုကလေးအပေါ်သက်သက်နှိပ်စက်ခြင်းပင် ဒါကိုထိုကလေးခင်ဗျာမသိရှာပဲကားပေါ်မှဆင်းကာပြေးထွက်သွားလေသည်
ပြေးထွက်သွားသောကိုယ်ငယ်လေးကိုကြည့်ပြီး သခင်လေးမှာ တိတ်တဆိတ်မျက်ရည်ကျနေသည်မှာအမှန် အောက်နှုတ်ခမ်းကိုကိုက်ကာ မျက်ရည်များမကျအောင်ထိန်းထားတယ့်သခင်လေးက အကိုလေးငိုတာကို မခံစားနိုင်သည့်ပုံ ကြာရင်တော့ဒီကောင်ငယ်လေး စိတ်ဒဏ်ရာရတော့မည်။
ဘာပဲဖြစ်ဖြစ်ကျွန်တော်ကသခင်လေးတို့ရဲ့ လူမလား ဒါ့ကြောင့်ဒီကောင်လေးဘက်မှလည်းမကာကွယ်ချင်ပါ ဒီကလေးရဲ့အမေကြောင့် သခင်လေးကော သခင်လေးအမေကော ညတိုင်းငိုကြွေးခဲ့ရသည်လေ
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope