Unicode
"ငယ်~"
အေးစက်နေသောလက်ကလေးကို အပေါ်မှအုပ်ကိုင်လိုက်ကာ နွေးထွေးစွာဖြင့်
ငယ့်ကိုကြည့်ပြီးခေါ်လိုက်သည်"တကယ်သွားတွေ့မှာပါနော်"
"အင်း~"
မျက်ရည်လေးများဝဲကာ ခေါင်းငြိမ့်ပြီးပြောလာတယ့်ငယ့်ကို ကျွန်တော်တကယ်
သနားမိတယ်
နောက်ဆုံးတစ်ခေါက်လောက်ပဲဖြစ်ဖြစ်
အမေ့ကိုတွေ့ပါရစေဟူသောစကားလေးကြောင့် ကျွန်တော့်မှာ
လိုက်မပို့ချင်ပို့ချင်နဲ့ ကားဖြင့်ခေါ်လာခဲ့ရသည်"ကို ရပြီဒီမှာပဲရပ်"
ကားမောင်းနေသောလက်တစ်ဖက်ကိုကိုင်ကာလှုပ်ရမ်းပြီးပြောလာတယ့်
ငယ့်ကြောင့်ကားကိုအမြန်ရပ်လိုက်ရသည်"ဒီကနေလမ်းလျှောက်ပြီးသွားမယ်"
"ကိုပါလိုက်ခဲ့ရမလား"
"ဟင့်အင်း ရတယ်နေခဲ့"
ကျွန်တော့်အားပြောကာကားပေါ်ကဆင်းသွားတယ့်ငယ့်ကျောပြင်လေးကို
ကြည့်ပြီး
ဘယ်လိုမှစိတ်မချနိုင်တာနဲ့ ကျွန်တော်ပါကားပေါ်ကအမြန်ဆင်းက နောက်မှ
မသိမသာလေးလိုက်ခဲ့လိုက်သည်...။~~~~~calotropis~~~~~
.
မလာတာကြာပြီဖြစ်သော်လည်းဒီနေရာလေးဟာအခုထိမစိမ်းသက်
အရင်တုန်းကကျောင်းသွားကျောင်းပြန်
နေ့တိုင်းနီးပါးလမ်းလျှောက်ခဲ့တာမို့
အခုတော့အကျင့်လိုပင်ဖြစ်လို့သွားပြီလျှောက်လာရင်းနဲ့မှအဝေးမှလှမ်းမြင်လိုက်ရသည့်အိမ်ကြီးကြောင့်
ခြေလှမ်းများဟာသူ့အလိုလိုရပ်တန့်သွားတယ်ဒီနေ့ဟာအမေ့မွေးနေ့
၆နှစ်ကြာပြီးမှပြန်တွေ့ရတာမို့အမေကျွန်တော့်ကိုတွေ့ရင်အံများသြသွားမလား
ဒါမှမဟုတ်ကျွန်တော့်ကို မလာနဲ့ဆိုပြီး
နှင်များနှင်မလားအမေ့ကိုတွေ့ချင်ဇောနဲ့အရဲစွန့်ပြီးလာခဲ့ရပေမယ့် အကယ်လို့သာ မောင်နဲ့များ
တွေ့ခဲ့ရင်ကျွန်တော်ဘယ်လိုလုပ်ရပ့
အခုချိန်ထိမောင့်ကိုရင်မဆိုင်ရဲသေးဘူး...
ကျွန်တော်အခုချိန်
နောက်လှည့်ပြီး ပြန်ပြေးလိုက်ရမလား
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope