Uni
"သား...အဆင်ပြေရဲ့လား??"
မေမေဟာရုတ်တစ်ရက်ကြီး ကျွန်တော်ရှိရာဆီသို့ရောက်လာရင်း နှုတ်ခွန်းဆက်တယ်လည်းမဟုတ်။သိလိုစိတ်နဲ့မေးသည်။အိမ်ကိုဘယ်လိုသိပြီးရောက်လာတယ်လည်းမသိပေမဲ့ ခြောက်နှစ်လောက်ကြာပြီးမှပြန်တွေ့ရတာမလို့ လေထုကအေးစက်စက်ကြီးဖြစ်လို့နေသည်။
ဂျောင်ကုကတော့ နားလည်စွာနဲ့ဘေးနားမှာသားလေးကိုချီရင်း ငြိမ်ငြိမ်လေးထိုင်နေပေးသည်။မေမေကသာ လွမ်းနေတဲ့မျက်လုံးတွေနဲ့မျက်ရည်တွေဝဲတက်နေပြီးကျွန်တော့်ကိုလည်း ပြုံးပြနေပြန်သည်။
"ဟုတ်...အမေ သားအဆင်ပြေပါတယ်"
"အေးပါကွယ်...သားအဆင်ပြေတယ်ဆိုလို့မေမေဝမ်းသာပါတယ်။ဒါနဲ့ ဒါကသားရဲ့ခင်ပွန်းလား?? "
ဂျောင်ကုဘက်သို့လက်ညိုးလေးထိုးပြီးမေးလာတာကြောင့် ကျွန်တော်ခေါင်းငြိမ့်ပြမိတယ်။ဂျောင်ကုက မေမေမေးတော့ခါးကိုကိုင်းပြီးနှုတ်ဆက်ကာဖြင့်
"ဟုတ်ကဲ့...ဂျွန်ဂျောင်ကုပါတွေ့ရတာဝမ်းသာပါတယ်"
"အေးကွယ်..သားလေးကဓာတ်ပုံထဲမှာထက်အပြင်မှာတော်တော်လေးကြည့်ကောင်းသားပဲ။ အန်တီနဲ့ထင်တောင်မထင်ခဲ့ဘူး။ရုပ်လေးလည်းချောတဲ့အပြင် စီးပွားရေးမှာလည်းဒီလောက်ထိတော်လိမ့်မယ်ဆိုတာလေ...."
"အန်တီကအရမ်းမြှောက်နေပြန်ပါပြီ..အဲ့လောက်ကြီးထိလည်းမဟုတ်ရပါဘူး"
ဂျောင်ကုမှာတော့ မေမေ့ရဲ့ချီးကျူးမှုတွေကြောင့်မနေတတ်ဘူးထင့်ပါ။မေမေကစကားပြောကောင်းတဲ့ သူမို့ဂျောင်ကုတော့ဒီထပ်ပိုပြီးအနေခက်တော့မယ်ထင်တယ်။
"သားလေး လူရွေးမှန်ပါတယ်လေ။အန်တီကြားရသလောက်ကတော့ ဂျောင်ကုလေးကသားအပေါ်အရမ်းချစ်တယ်ဆိုပဲ...ဒီလိုဆိုမေမေစိတ်ချပါပြီလေ.."
"မေမေက သားအတွက်ဘယ်တုန်းကများစိုးရိမ်တတ်သွားတာလဲ??"
ရွဲ့တာတော့မဟုတ်ပေမဲ့ မေမေ့အပေါ်ဒေါသစိတ်လေးနည်းနည်းကြောင့်ပြောမိတယ်။မှန်တာပဲလေ ခြောက်နှစ်လုံးလုံးပစ်ထားခဲ့ပြီးမှအခုလိုမျိုးလာပြောတော့ စိတ်ညစ်စရာမကောင်းပေဘူးလား??။
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope