Unicode
မိုးကိုကျွန်တော်အရမ်းမုန်းတယ်..(၉)။
~~~~~~~~~~~~~~
ဒီနေ့ညတော့မောင့်ကိုကျောပေးကာ ကျွန်တော်အိပ်မိတယ် နေ့လည်က ကိစ္စကိုလည်း ဘာဖြေရှင်းချက်မှ မတောင်းဆိုချင်တော့ပါ ဘာထပ်သိစရာလိုသေးလို့လဲ သူကမောင်နဲ့ မကြာခင်လက်ထပ်ရမယ့်မိန်းကလေး ကျွန်တော်ကသာ.....
"အိပ်နေပြီလားယွန်း"
ခါးဘက်သို့သိုင်းကာဖက်လာတယ့်မောင့်လက်တွေကိုတွန်းဖယ်မိတယ် ပြီးတော့မောင့်နဲ့ဝေးရာဘက်သို့ တိုးပြီးအိပ်မိတယ်
အခုနေမောင်နဲ့ဘာစကားမှမပြောတာအကောင်းဆုံးပဲထင်ပါတယ်"မောင့်ကိုစိတ်စိုးနေတာလား"
ကျွန်တော်တိုးသွားတယ့်ဘက်ကိုလိုက်တိုးကာ ခါးသို့ထပ်ဖက်လိုက်တယ့်မောင့်ကြောင့် ခေါင်းလေးစောင်းကာမောင့်ကိုကြည့်မိတယ်
"လူကြီးတွေစီစဥ်ထားတာ"
"...."
"မောင့်သဘောမပါဘူး...သိတယ်မလား မောင်ကယွန်းကိုပဲချစ်တာ"
ပါးလေးကိုကိုင်ကာပြောလာတယ့်မောင့်စကားကြောင့် အနည်းငယ်တော့စိတ်သက်သာရာ ရသွားသည်မှာအမှန် ဘာပဲပြောပြောမောင်က ကျွန်တော့်ကိုချစ်တယ်တဲ့ ယုံကြည်ပေးရမှာ ကျွန်တော့်တာဝန်ပဲလေ
"ဒါနဲ့ အရမ်းရင်းနှီးသလိုပဲနော်"
ကျွန်တော့်ဘက်က နှုတ်ခမ်းလေးဆူပြီးပြောလိုက်တော့မောင်ဘက်က ခပ်ဖွဖွလေးရီလာခဲ့သည်..။
"ဟ..အဲ့တာက ငယ်ငယ်လေးထဲက ခင်လာရတာမို့ပါ"
"ဒါပေမဲ့ သူက မောင့်ကို "ကို" တဲ့"
"သူ့ထက်ကြီးလို့အဲ့လိုခေါ်တာနေမှာပါ"
"မကြိုက်ဘူး နောက်တစ်ခါမခေါ်ခိုင်းနဲ့"
"အင်းပါ မခေါ်ခိုင်းတော့ဘူး"
မောင်က ကျွန်တော့်အကြိုက်လိုက်ကာ ခေါင်းငြိမ့်ပြလာလေသည်။ ဒါ့ကြောင့် ကျွန်တော်လည်းမောင့်ကိုပြုံးပြကာ ပါးလေးကိုနမ်းပြီး ရင်ခွင်ထဲသို့တိုးကာဖက်အိပ်လိုက်တော့သည် ။
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope