အဆိပ်ရဲ့အတိတ်(အဆိပ္ရဲ႕အတိတ္) ၃

548 85 9
                                    

Unicode

ကျွန်တော်သူ့ကိုမုန်းသည်....။(၃)

~~~~~~calotropis~~~~~
.
.
.
.
.

"အဟွတ်~~ဟွတ်~ရွှတ်"

ညကကြမ်းပြင်မှာ အိပ်လိုက်လို့နဲ့တူတယ် မနက်ရောက်တော့ စပြီး နှာတစ်ရှုံ့ရှုံ့ဖြစ်လာလေရော...

"အဟွတ်~"

"နေမကောင်းဘူးလား.."

လွယ်အိတ်ထဲသို့စာအုပ်ထည့်နေစဥ် နောက်ကျောဘက်မှ အပ်ရှရှအသံကြောင့် လှည့်မကြည့်ဘဲ ခေါင်းငြိမ့်ပြမိသည်

"မင်း စကားမပြောတတ်ဘူးလား!"

လက်မောင်းသားအားဆွဲကာ ခန္ဓာကိုယ်အား မျက်နှာချင်းဆိုင်လှည့်လိုက်သော အကိုဖြစ်သူကြောင့် နားမလည်စွာပဲ သူ့မျက်လုံးများကိုစိုက်ကြည့်မိသည်

"ကျစ်...ငါမင်းကို ဘာလုပ်ရသေးလို့ မင်းကငိုနေရတာလဲ"

*ငို..နေ...တယ်*

ဒါ့ကြောင့် မျက်နှာအား ကယောင်ကတမ်း​ဖြင့် ကိုင်ကြည့်လိုက်တော့မှ...ကျွန်တော့်ရဲ့မျက်ရည်မ​ျားဟာ ပါးပြင်ထက်၌စိုစွတ်နေလေသည်

ကြည့်ရတာ အရမ်းကြောက်သွားလို့ဖြစ်မယ်

"ဟင့်..~~"

"မင်းယောကျာ်းမဟုတ်ဘူးလား ဘာလို့ငိုနေတာလဲ!"

ပုခုံးအား လက်နှစ်ဖက်ဖြင့်ကိုင်ကာ လှုပ်ရမ်းပြီးမေးလာတယ့်အကိုဖြစ်သူကြောင့် ကျွန်တော် အကြည့်ချင်းမဆုံစေဘဲ ခေါင်းငုံ့ပြီးဖြေမိတယ်...

"ကြောက်~ကြောက်လို့...ဟင့်"

"ဘာ..."

"အကို့ကို ကြောက်လို့"

ကျွန်တော်ပြော​လိုက်တော့ ဘာမှမပြောဘဲ ငြိမ်သက်နေတယ့်အကိုဟာ အတန်ကြာမှ သက်ပျင်းလေးအားတိုးတိုးလေးချလိုက်လေသည်

"ဟင်းးးကြောက်ရအောင် ငါကသရဲမို့လို့လား"

ဒီတစ်ခါ​တော့ အရင်လိုအေးစက်တယ့် အသံမျိုးနဲ့မဟုတ်
အကို့ရဲ့အသံဟာ အနည်းငယ်တော့ ပျော့ပျောင်းနေသည်

စိတ်ထင်လို့ပဲလား...

"တော်ပါ မင်းနဲ့ဆက်ပြီးစကားမပြောချင်တော့ဘူး"

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now