မောင် (ေမာင္)

1K 110 13
                                    

Unicode

ညနေအိမ်ကိုပြန်ရောက်ထဲက ကျွန်တော်ဘယ်မှမသွားပဲ ငယ့်ကိုထိုင်စောင့်နေခဲ့သည်..
ပြန်လာရင်မေးဖို့ထက် ရှင်းဖို့ဆိုတာပိုမှန်လိမ့်မယ်....ဖုန်းတွေကလည်းဆက်တိုက်ခေါ်နေသလို...စိတ်ပူနေကြောင်းကိုလည်း အဆက်မပြတ် ကျွန်တော်စာတွေပို့ထားတယ်....

အချိန်ကလည်းတော်တော်နောက်ကျနေသလို မှောင်ရီစလည်း ပျိုးလို့လာပြီ....
ဝရံတာဘက်ထွက်ကာ ကောင်းကင်ကိုကြည့်လိုက်တော့ အုံ့မှိုင်းနေသော ကောင်းကို ပြင်ကြီးကိုသာ တွေ့ရသည်

"ကြည့်ရတာ မိုးရွာတော့မယ်နဲ့တူတယ်"

ငယ်ပြောဖူးတယ်...
သူမိုးရွာတယ့်နေ့တွေဆို မကြိုက်ဘူးတယ့်..
အဲ့လိုမိုးရွာတယ့်နေ့တွေမှာဆို ငယ်ကမူးနေအောင်သောက်တတ်တာ...

အခုရော...
ဘယ်နေရာမှာများ မူးအောင်သောက်နေမလဲ
ဆိုတယ့်စိုးရိမ်စိတ်တို့က လူကိုနေမထိ ထိုင်မသာဖြစ်စေလာတယ်

ရင်ထဲမှာလည်းပူနေသလို....ဒီအချိန်တစ်ယောက်ယောက်နဲ့များရှိနေမလားဟူသော အတွေးကလည်း ကျွန်တော့်စိတ်ကိုအခါခါသတ်နေလေတယ်....။
အဲ့လိုတွေးလိုက်တိုင်းလည်း နှလုံးသားလေးကနာကျင်ရစမြဲ....။

​ေသြာ်..ငယ်နဲ့ပက်သက်လာရင် ကျွန်တော်ကပဲအမြဲနာကျင်ရတာပါလား.....

ဘာရယ်မဟုတ် ကောင်းကင်ကိုကြည့်နေရာမှ စီးကျလာတယ့်မျက်ရည်တို့ကြောင့် ခေါင်းကိုငုံ့ကာ မျက်ရည်သုတ်နေစဥ် တိုက်အောက်မှာ ရပ်ထားသော ပြိုင်ကားလေးကို မထင်မှတ်ပဲ အကြည့်ရောက်သွားလေသည်...။

ကျွန်တော်တို့တိုက်မှာ ပြိုင်ကားစီးတယ်လူဆိုရယ်တော့ များများစားစားမရှိပါ....အခုက ပြိုင်ကားတင်မဟုတ် ပြိုင်ကားပေါ်ကဆင်းလာတယ့်သူကိုတောင် ကျွန်တော်အခုမှတွေ့ဖူးခြင်းပင်...

ထိုလူက တစ်ဖက်ကဆင်းလာကာ အခြားတစ်ဖက်မှ ယိုင်နဲ့စွာဖြင့်ဆင်းလာသော ကောင်လေးတစ်ယောက်ကိုလည်း ကူပြီးတွဲပေးနေလေသည်....။

ကျွန်​ေတာ်​သေချာစိုက်ကြည့်လိုက်တော့ ထိုကောင်လေးကူတွဲပေး​ေနသော လူက ဖြူဖြူသေးသေးလေးပင် အသားဘယ်လောက်တောင်ဖြူလဲဆိုရင် အလင်းမရှိတယ့်နေရာမှာတောင် လည်တိုင်လေးက အတိုင်းသားဖြင့်ဖွေးအုနေလေ၏......။

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now