ပြန်လာခဲ့ပါ ျပန္လာခဲ့ပါ

682 60 17
                                    

Unicode

စိတ်စိုးတုန်းခနမောင်းထုတ်ခဲ့မိပေမဲ့အခုတော့သူဟာကားတစ်စီးနဲ့မြို့မှာပတ်ရှာလို့...။ဘာလို့ကိုယ့်စိတ်ကိုမထိန်းနိုင်လဲဆိုတာနားမလည်ပေ...။သားလေးကိုမေးကြည့်မှသိလိုက်ရသည်ကအဲ့တုန်းကသူနဲ့အတူ မမတစ်ယောက်လည်းပါတယ်လို့ပြောသည်...။ဒါဆိုဒီကလေးမှာဟိုဆော့ကလေးဆိုတာလည်းသူသိလိုက်ရပြီ...။

ဟိုမိန်းမရဲ့စကားနဲ့အတူအိပ်ပြန်ရောက်ရောက်ခြင်းငယ့်ကိုမတွေ့လိုက်ရတဲ့အတွက်သံသယစိတ်မှာပိုကြီးသွားတယ်ဆိုမှန်မလား...။ပြန်လာတော့လည်းငယ်နဲ့စကားပြောတဲ့အခါပြန်ဖြေလာပုံကဘုဆတ်ဆတ်မို့စကားများကြရင်းကိုယ့်ရှေ့ကထွက်သွားသူအားမဆွဲမိလိုက်ရလို့ နောင်တရလို့မဆုံး....။

မင်ဟို့ကိုမေးကြည့်တော့လည်းသူ့ဆီမလာဘူးလို့ပြောသည်...။သူလိုလိုပိုပိုဟိုဆော့ဆီကိုဖုန်းဆက်မေးကြည့်တော့လဲ သူကဆေးရုံမှာတဲ့...။တစ်ဖက်ကဘာတွေဖြစ်ကြတာလဲမေးလို့သူတို့တွေဖုန်းထဲမှာရန်တွေထဖြစ်ခဲ့ကြသေးသည်....။

"ငယ်ရယ်.....ကိုယ်တောင်းပန်ပါတယ်..ပြန်လာခဲ့ပါ"

ကိုင်သူမဲ့နေတဲ့ဖုန်းလေးကိုအဆက်မပြတ်ခေါ်ရင်းသူငိုနေရတော့သည်...။မပြတ်နိုင်တာကိုဘာ့ကြောင့်သူလုပ်ခဲ့တာလဲ...။အဲ့ကောင်လေးသာတစ်ခုခုဖြစ်ရင်သူ့ကိုယ်သူအပြစ်တင်လို့ဆုံးမှာမဟုတ်တော့....။

"ငယ်...!!"

ကားနဲ့လျှောက်ရမ်းနေရာမှတစ်နေရာအရောက်ကားမှတ်တိုင်လေးမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ငယ့်ကိုလှမ်းတွေ့လိုက်ရတယ်...။ဒါ့ကြောင့်သူလည်းကားပေါ်မှအမြန်ပြေးဆင်းရင်း သူ့ကိုယ်လေးအားရင်ခွင်ထဲသို့ဆွဲသွင်းလိုက်တယ်....။

သူဖက်လိုက်တော့ချက်ချင်းရုန်းကန်လာတဲ့ကိုယ်လေးကသူ့ရင်ကိုတစ်ဘုန်းဘုန်းနဲ့ရိုက်တယ်....။ကိုယ့်ရင်နာတာကအကြောင်းမဟုတ်....။တော်ကြာသူ့လက်လေးတွေနာသွားမှဖြင့်။

"ကိုယ်တောင်းပန်ပါတယ်....ဟင့်...ကိုယ်နဲ့ပြန်လိုက်ခဲ့ပါနော်..."

"မလိုက်ဘူး! အီးဟီး! မင်းငါ့ကိုအိမ်ပေါ်ကနှင်ချတဲ့အပြင်ငါ့မိဘတွေကိုလည်းအောက်ဆုံးထိဆွဲချမယ်လို့ပြောသေးတယ်...!!"

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now