ငယ် ငယ္

654 81 27
                                    

Unicode

"တောက်ခ်!!"

ပြင်းပြစွာသောတက်ခေါက်သံကြောင့်ဂျောင်ကုနားထင်ကြောလေးများတင်းသွားရသည်။ ထမင်းဝိုင်းထဲသို့ဒေါကြီးမောကြီးဝင်ရောက်လာသော ငယ်သည်သားလေးလက်ကိုဆွဲပြီးတစ်ရှူးရှူးတရှဲရှဲသာ။ဒေါသဖြစ်နေတာကြောင့် မျက်လုံးနှစ်ဖက်မှာနီရဲနေပြီး အသက်ကိုလည်းမြန်မြန်ရှုနေသည်။

"ကောင်းသေးရဲ့လား ဟမ်!"

ဒုန်း!

အမောပြေကမ်းပေးသောရေခွက်ကိုယူကာ မသောက်ဘဲစားပွဲပေါ်သို့ဆောင့်တင်ချလိုက်တဲ့ငယ်ကြောင့် လက်မှာကိုင်ထားသောသတင်းစာတောင်ပိတ်လိုက်ရတဲ့အထိ။

"ကို! အဲ့ဆရာမကိုအလုပ်ထုတ်ခိုင်းလိုက်!"

"ငယ်ရယ် ဒေါသတွေကိုလျှော့ပါ သူလည်းကလေးတွေအများကြီးမို့-"

"အို! ဘယ်လိုဖြစ်ဖြစ်သူ့ကိုပိုက်ဆံပေးထားရတာလေ! ငယ့်ကလေးကိုကြည့်ရှု့စောင့်ရှောက်ဖို့ တစ်လတစ်လ လစဥ်ကြေးပေးထားရတာလေ ဘယ်လောက်တောင်နမော်နမဲ့နိုင်လဲ!! အခုကလေးလက်မောင်းကိုကြည့်လိုက်!"

လက်သေးသေးလေးဖြင့်ထိုးပြနေသော လက်မောင်းလေးကိုကြည့်ပြီးဂျောင်ကုသက်ပျင်းချမိသည်။နီရဲနေသောဘုသေးသေးလေးက ခြင်ကိုက်ရာကိုး။အကဲပိုလွန်းတဲ့ငယ်ကြောင့်ခေါင်းပါရမ်းရတဲ့အထိ။ဒါကတော်တော်လေးကိုဇီဇာကြောင်ပါသည်။

"ငယ်ရယ် ဒါကလည်း ဟို သူလည်းကလေးတွေအများကြီးဆိုတော့ ဒီလောက်က!"

"ကို!! အခုဖြစ်လာတာကို့ကလေးနော် ဘာလို့အဲ့မိန်းမဘက်ကပါနေရတာလဲ"

"မဟုတ်ပါဘူး ငယ်ရယ် ကိုယ်ငယ့်ကိုရှင်းပြတာပါ"

"မင်းဟာကအခုရှင်းပြတာထက် မသိရင်အဲ့မိန်းမကို ထိလို့နာပြနေတဲ့အတိုင်း!"

"ဟာ! ငယ် ဘယ်လိုကြီးပြောလိုက်တာလဲ"

"မှန်တာပြောတာလေ ပိုများနာသွားသလား"

"တော်တော့နော် ကိုယ်ဒီထပ်ပိုပြီးစကားမများချင်တော့ဘူး!"

"အဲ့လိုများရတာကလဲ ဘယ်သူ့ကြောင့်လဲ ဟမ်! ကိုယ်ကဆတ်ဆတ်ထိမခံလို့ဖြစ်နေရတာလေ"

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now