ဒိုင်ယာရီ(ဒိုင္ယာရီ)

780 91 9
                                    

Unicode

"နောက်ကျတယ်နော် ကိုကို...!"

လှေကားပေါ်မှ တစ်ထစ်ချင်း ဆင်းကာ ကျွန်တော့်ဆီသို့ဖြေးညှင်းစွာလျှောက်လှမ်းလာသည့် ကောင်လေးဟာ ချစ်စရာကောင်းသည့် ရုပ်လေးနဲ့မှမလိုက် မျက်နှာအား တင်းထားလေသည်....

"ပြောပါဦး မေ့ရတယ့်အကြောင်းအရင်း"

ရှေ့မှာရှိသော ကော်ဖီခွက်လေးအား ကမ်းကာ ကျွန်တော့်အားမေးလာလေသည်...။

"ကိုကို ​ေကာ်ဖီမကြိုက်ဘူး"

"ကိုကို ကျွန်တော့်ကို ငြင်းပိုင်ခွင့်ရှိလို့လား"

"ရှိတယ် မင်...မင်နဲ့ကိုကိုက ဘာမှ မဆိုင်တော့တာ"

"...."

"ဒါ့ဖြင့် happy birthdayနော်မင်"

ဝယ်လာသော လက်ဆောင်ဘူးလေးအားပြုံးပြကာ သူ့ကိုပေးလိုက်တော့ ထိုကောင်လေးမှာ မျက်လုံး​​လေး များ မှိတ်သည်အထိ ရီပြလာလေသည်...။

ထို့နောက် လက်ဆောင်ဘူးလေးအားဖွင့်ကြည့်ရင်း သဘောကျစွာ ပြောလာလေသည်...။

"ကျေးဇူးပါကိုကို...ကျွန်တော့်အတွက် အခုလို ဝယ်လာပေးလို့"

"မင်..ကြိုက်ရဲ့လား"

"ကြိုက်တာပေါ့ ကိုကိုရဲ့ မင်က ကိုကိုနဲ့ ပက်သက်ပြီး အရာရာတိုင်းကို ကြိုက်တာ"

ကျွန်တော့်လက်အားကိုင်ကာ စိုက်ကြည့်လာတယ့်ကောင်လေးကြောင့် ထိုကောင်လေးအကြည့်ကို ကျောမလုံစွာဖြင့် အမြန်လွှဲလိုက်ရသည်...။

မင့်ကို..ကျွန်တော်အရမ်းကြောက်တယ်...။

"ကိုကို.."

"ဟင်"

"ကိုကိုနဲ့ အတူနေနေတာ ဘယ်သူလဲဟင်"

"ဟမ်..."

"ကိုကိုရယ် ဘာတွေအံ့သြနေတာလဲ မင့်က ကိုကို့ ကို ဘယ်တော့မှ မစွန့်ပစ်ပါဘူး"

"...."

"ကဲပါပြော...သူက ဘယ်သူလဲ"

"ရည်း စား ပါ..မင်"

ကျွန်တော်မင့်ကို လိမ်လို့မရပါ...
ပတ်ခ် ဂျီ မင်ဆိုတာဘယ်သူမို့လို့လဲ...
တစ်ချိန်က သူလည်း ကျွန်တော့်ဘဝရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ခဲ့ဖူးတာပဲကို....

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now