အဆိပ်ရဲ့အတိတ်(အဆိပ္ရဲ႕အတိတ္)၂

589 87 2
                                    

Unicode

သူပေးတယ့်နာကျင်မှု...(၂)

~~~~~~~~~~~~~~~~~~~~~

အခန်းထဲသို့ ဝင်ဝင်ချင်း ပြောင်လက်တောက်ပနေသော အခန်းကျယ်ကြောင့် ကျွန်တော့်မှာ တအံတသြဖြစ်ရတယ်...

ယောကျာ်းလေးတစ်ယောက်ရဲ့အခန်းက ဒီလောက်ထိ စည်းကမ်းရှိပြီး သန့်ရှင်းလိမ့်မည်လို့ မထင်ထားသည်မှာ အမှန်...

ကျွန်တော့်အခန်းဆို သန့်ရှင်းဖို့နေနေသာသာ ခြေချစရာမရှိတော့အောင်လောက်ကို ရှုပ်ပွနေသည်လေ....

ကျွန်တော့်လို စည်းကမ်းမရှိ နေချင်သလိုနေတယ့်သူနဲ့ အကို့လို စည်းကမ်းရှိပြီး အသန့်ကြိုက်တယ့်သူနဲ့တစ်ခန်းထဲ အတူနေဖို့ဆိုတာဖြစ်နိုင်ပါ့မလား...ငါတော့ခက်ပါပြီ...မင် ယွန်းဂီရယ်....ဟူး

"ဘာတွေသက်ပျင်းချနေတာလဲ မဝင်ဘူးလား"

အခန်းဝမှာ မတ်တပ်ရပ်ပြီး စဥ်းစားခန်းဖွင့်နေတယ့် ကျွန်တော့်အား အကိုက အေးစက်သော အသံဖြင့်မေးလာလေသည်...။

ဒါ့ကြောင့် ကျွန်တော်လည်း ခေါင်းတစ်ချက်သာငြိမ့်ပြကာ အခန်းထဲသို့ အဝတ်ထုပ်လေးဆွဲပြီး ဝင်လာခဲ့သည်...။

*ဒုန်း*

ကျွန်တော်အခန်းထဲသို့ ဝင်လာသည်နဲ့ တစ်ပြိုင်နက် တံခါးအားဆောင့်ပိတ်လိုက်သော အကိုဖြစ်သူကြောင့် ကျွန်တော့်ခန္ဓာကိုယ်လေးဟာ တုန်တက်သွားခဲ့ရသည်...။

"ဟက်...သိပ်ကိုပျော်နေတာလား"

ကျွန်တော့်ရှေ့သို့ မဲ့ပြုံးပြုံးကာ လက်ပိုက်ပြီးလျှောက်လာ တယ့် အကို့ကြောင့် ကျွန်တော့်မှာ နောက်သို့ ခြေတစ်လှမ်းဆုတ်မိသည်...

"မင်းတို့သားအမိနှစ်ယောက်လုံးက ပိုင်းလုံးတွေပဲ"

"ဗျာ..!"

"ဟက်...ဘာလဲ အမှန်ကိုပြောလိုက်လို့ အံ့သြသွားတာလား"

ဟုတ်တယ် ကျွန်တော်အံ့သြ သွားတယ်...
ပိုင်းလုံးလို့ပြောလိုက်လို့မဟုတ်ဘူး...
ခုနက အောက်မှာ တစ်ရင်းတစ်နှီးစကားပြောပြီးသဘောကောင်းမယ်လို့ ထင်ထားတယ့်အကိုက အခုကျွန်တော့်ရှေ့မှာ မကျေနပ်သလိုပြောလာသည်ကြောင့်ပင်...။

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now