Unicode
"ကိုယ် နှစ်ရက်လောက်နိုင်ငံခြားသွားရမယ်"
"ဟင်! ဘယ်ကိုလဲ"
"ဒူဘိုင်းကို အလုပ်ကိစ္စနဲ့"
"သြော်..."
စီးကျလာမဲ့မျက်ရည်တွေကို ယွန်းဂီတစ်ယောက်ထိန်းထားလိုက်သည်။တစ်ခါမှလည်းရက်တွေခြားကာမခွဲဘူးတော့သူ့ခံစားချက်ကြီးကတစ်မျိုးကိုပင်။ဂျောင်ကုကလည်းမျက်နှာမကောင်းသလို၊ကျွန်တော်ကလည်းရင်ထဲမကောင်း။ဖြစ်နိုင်ရင်လိုက်လို့သွားချင်ပေမဲ့ passport တောင်မရှိသည့်ကျွန်တော့်အတွက်၊နောက်ပြီးလေယာဥ်စီးဖို့အရမ်းငယ်သေးတဲ့သားအတွက် သူတို့မှာလိုက်ဖို့ဘယ်လိုမှအဆင်မပြေပေ။
"နေ့တိုင်းဖုန်းဆက်မှာပါ"
"အင်း နေကောင်းအောင်လည်းနေဦး အစားကိုလည်းပုံမှန်စား အလုပ်ကိုလည်းအရမ်းမလုပ်နဲ့တော်ကြာနေမကောင်းဖြစ်ရင်ပြုစုဖို့လူအနီးမှာမရှိဘူးဆိုတာကိုသိထား"
"ဟုတ်ကဲ့ပါဗျာ..ကိုယ်ဂရုစိုက်မှာပါ ငယ်ကသာနေကောင်းအောင်နေ ထမင်းပုံမှန်စားအိပ်ချိန်ကိုလည်းနောက်မကျစေနဲ့နောက်ပြီးညဘက်တွေတစ်ယောက်ထဲအိပ်ရမှာကြောက်ရင် ကိုယ့်အိမ်မှာသွားအိပ်လိုက်ကြားလား ကိုယ်မေမေ့ကိုဖုန်းဆက်ထားလိုက်မယ်"
"ရပါတယ်ကိုယ်ရယ်ငယ်မကြောက်ပါဘူး၊နောက်ပြီးကိုယ်ကနှစ်ရက်ပဲသွားမှာမလား၊ အဲ့တာကိုဘာလို့အဲ့လောက်ထိတောင် စိတ်မချနေရတာလဲ"
"ကိုယ်တို့ကတစ်ခါမှမခွဲဖူးတာစိုးရိမ်တာပေါ့၊ပြီးတော့ငယ်ကအားငယ်တတ်တယ်လေကိုယ်မရှိမှတစ်ယောက်ထဲဟိုတွေးဒီတွေးလန့်နေမှာစိုးလို့"
"အဲ့အတွက်တော့စိတ်မပူပါနဲ့ကိုယ်ရယ်ငယ့်မှာသားလေးရှိတာပဲသားလေးကငယ့်အတွက်ဒုတိယအားမို့ငယ်ဘာကိုမှမကြောက်တော့ဘူး"
"အင်း အဲ့တာဆိုကိုယ်သားလေးကိုပဲငယ့်ကိုကိုယ်စားစောင့်ရှောက်ဖို့မှာခဲ့ရမယ်နဲ့တူတယ် အဲ့သေးသေးလေးကလူကောင်သေးသလောက်စိတ်ကတော့လူကြီးစိတ်၊သတ္တိတယ်ရှိ"
"မှန်တယ် ကလေးက ကိုယ်နဲ့တစ်ထေရာထဲပဲစိတ်ကြီးတာတို့၊ဒေါသထွက်တာတို့၊နောက်ပြီးအလိုမကျရင်ပစ္စည်းတွေပေါက်ခွဲတာတို့ပေါ့"
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanficမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope