ငါဘာဆက်လုပ်ရမလဲ(ငါဘာဆက္လုက္ရမလဲ)

526 54 23
                                    

Unicode

သိသိသာသာကြီးကိုချောင်ကျလာတဲ့မျက်တွင်းတွေကြောင့်သူ့အတွင်းရေးမှူးမလေးတောင်စိုးရိမ်လို့လာလေပြီ။သုံးရက်သာဆိုသောခရီးသည် မပြီးပြတ်နိုင်တဲ့အလုပ်ကိစ္စတွေကြောင့်ငါးရက်လောက်ကြာသွားလေပြီ။ဒီကြားထဲငယ်ကဘာရယ်မှန်းမသိဖုန်းမကိုင်။သူပို့ထားတဲ့စာတွေလည်းမဖတ်။

သားကိုလည်းလွမ်းသလို အိမ်သူကိုလည်းအရမ်းလွမ်းနေရလေပြီ...။ဒါ့ကြောင့်သူလည်းလုပ်စရာရှိတာကိုအမြန်လုပ်ပြီးအပြီးသတ်ပစ်ကာချက်ချင်းကိုရီးယားသို့ပြန်လာတော့မည်။စုံစမ်းခိုင်းထားတဲ့သတင်းတွေကလည်းကျေနပ်ဖွယ်ရာမရှိ။အခုတစ်လောအိမ်အတွင်းသူစိမ်းလူတစ်ယောက်ဝင်ထွက်နေတယ်လို့လည်းကြားသည်။

အနီးကပ်မဟုတ်ပဲအဝေးကနေသာစုံစမ်းခိုင်းတာကြောင့်ထိုလူကဘယ်သူလဲဆိုတာသူသိခွင့်မရ။ဒါ့ကြောင့်အမြန်ပင်စုံစမ်းဖော်ထုတ်ဖို့အိမ်ပြန်ရတော့မည်ဖြစ်သည်။ငယ့်အားဖုန်းမကိုင်သည့်အတွက်သူပြန်လာမဲ့အကြောင်းရာအားလှမ်းပြီးသတိမပေးပစ်။ပြန်လာရင်တော့အံသြသွားမယ့်မျက်နှာလေးကိုတွေးကြည့်ရင်းစိတ်မှာကြည်နူးမိသွားသည်။

"ကိုယ်ပြန်လာပြီငယ်...."

>>>>>>>>

ရှေ့မှာရှိသောစာချုပ်ဖြူဖြူလေးကိုကြည့်ပြီးသူ့မှာမယုံနိုင်မခမ်းနိုင်။မောင်ပြောပုံအရဆိုဂျောင်ကုကသူတို့မိဘတွေရဲ့စီးပွားရေးကိုအတိုက်အခံလုပ်နေတယ်ပေါ့။မကြာခင်အရှုံးပေါ်တော့မယ့်မောင်တို့companyကို ကျွန်တော်ဘယ်လိုကူညီပေးရမလဲ.။

ဖေဖေလည်းဒီသတင်းတွေကြောင့်အိပ်ယာထဲလဲနေတယ်ပြောတယ်။သူတကယ်ကိုအားနာရပါတယ်။ဂျောင်ကုတစ်ကယ်ဘာတွေလျှောက်လုပ်နေတာလဲ။

"သူပြန်လာရင် ကျွန်တော်ကြည့်ရှင်းလိုက်မယ်!"

ဒေါသကြောင့်သူ့လက်တွေဟာတုန်နေခဲ့တယ်။ရန်ငြိုးရှိလည်းကျွန်တော်နဲ့သာရှိသင့်တာလေဂျောင်ကုနဲ့ကအသာကြီးပဲ။ဘာလို့မောင်တို့ကိုဒုက္ခပေးနေလဲဆိုတာနားမလည်နိုင်တော့ပါ။

"မောင်.....ယွန်းသိမယ်ထင်လို့"

"ကိုယ့်မိသားစုဒုက္ခရောက်မဲ့အဖြစ်ကိုလုပ်စရာလား....စဥ်းစားကြည့်ပါဦး!"

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now