Unicode
"မောင်!!"
"မောင့်ကို မှတ်မိနေသေးတယ်ပေါ့!"
"ဟင့်အင်း!!"
သူငြင်းလိုက်သည်။မမှတ်မိချင်တော့ပါ။သူ့ဘဝမှာမောင်မရှိတော့တာကြာပြီ။မေ့လိုက်တော့တာကြာပြီ။
"မင်း ပိုချောလာတယ်။"
မောင်ကသူ့ကိုပြုံးရင်းပြောတယ်။မတွေ့ရတာကြာပြီဖြစ်တဲ့ပါးချိုင့်လေးတွေကိုပေါ်အောင်ပြုံးရင်းမောင်ကသူ့ကို ထပ်ပြောလာတယ်။
"မောင် သတိရနေခဲ့တာ။"
သူခေါင်းခါမိပြန်တယ်။တစ်ဖက်ကသားလေးလက်ကိုကိုင်ထားတာမို့လည်း မောင့်ကိုသူမတွေ့ချင်ယောင်ဆောင်လိုက်မိတယ်။မောင်ကတော့အခုထိသူ့ကိုပြုံးပြီးကြည့်လို့။မောင်ပြုံးလိုက်တိုင်း အခုန်မြန်လာတဲ့နှလုံးသားတွေကအခုထက်ထိမောင့်ကိုများ မမေ့နိုင်သေးတာလား။
"ဒါက ယွန်းရဲ့သားလေးလား ချစ်စရာလေးနော်"
"ဘာလာလုပ်တာလဲ။"
"ကိုယ်လည်း အသိတစ်ယောက်ကိုလေဆိပ်လိုက်ပို့တာ။အဲ့တာနဲ့ ယွန်းကိုကိုယ်တွေ့လိုက်တာပဲ။မတွေ့တာလည်းကြာပြီဆိုတော့နှုတ်ဆက်လိုက်တာ။ယွန်း နေကောင်းရဲ့လား။"
သူမဖြေမိ။ မောင်နဲ့သူရဲ့ဆက်ဆံရေးကမေးထူးခေါ်ပြောလောက်တောင်မလုပ်သင့်သည်မို့သူသားကိုချီရင်း ထိုနေရာမှထွက်လာခဲ့လိုက်တော့သည်။
"ခနလေးနေပါဦး ယွန်းရဲ့!"
"ဖယ်!! ခင်ဗျားကိုကျွန်တော်မသိဘူး!!"
"မောင့်ကိုများ မုန်းလိုက်ပြီလား!"
ဒီတစ်ခါတော့ မောင်ဟာအပြုံးနဲ့မဆိုခဲ့။ဝမ်းနည်းရိပ်သန်းတဲ့မျက်လုံးလေးတွေကကြည့်နေသူအတွက်ကတော့ ကြေကွဲစရာပဲ။အချစ်ဦးလည်းဖြစ်ခဲ့သူမို့ ပြန်တွေ့တဲ့အခါရင်မခုန်ဘူးလို့ပြောရင် ညာရာကျမယ်။အခုထက်ထိသူ မောင့်ကိုရင်ခုန်နေခဲ့ပါတယ်။
"မောင်တို့ စကားအေးဆေးလေးပြောကြရအောင်။"
"ပြောစရာစကားရှိသေးလို့လား!"
"မောင် တောင်းပန်ချင်တယ်။"
"မလိုပါဘူး အကို။ ကျွန်တော်မေ့လိုက်တာကြာပြီ။"
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanficမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope