သူငယ်ချင်း(သူငယ္ခ်င္း)

858 98 9
                                    

Unicode

ဒီနေ့ကကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့် ထွေထွေထူးထူး ဘာမှမလုပ်ချင်တာနဲ့ အိမ်မှာပဲ နေပြီး ငယ်နဲ့အတူ အချိန်ဖြုန်းဖို့ ကျွန်တော်စီစဥ်ထားတယ်

ဒီလိုရက်မျိုးတွေဆို ငယ်ရော ကျွန်တော်ရော ဘယ်သူ့ကိုမှ အဆက်သွယ်မလုပ်ဘဲ dateလုပ်ကြတယ်...

တစ်ခါတစ်လေမှာ ငယ်ကအေးစက်စက်နိုင်တယ်ဆိုပေမယ့် အခုလို​ေန့မျိုးမှာဆိုရင်တော့ ကျွန်တော့်အပေါ် ငယ်က ကလေးဆန်တတ်ပြန်တယ်....

ကလေးဆန်တယ့်အမူရာတွေကို အခြားသူဆိုမကြိုက်ပေမဲ့ ငယ်နဲ့ဆိုရင်တော့ ကျွန်တော်ဟာ လိုလိုလားလား ဒီအမူရာ​လေးတွေကို တောင်းဆိုမိပြန်တယ်

ငယ်က​လေးဆန်ရင်လေ သိပ်ကိုချစ်ဖို့ကောင်းတာ...
အထူးသဖြင့်ချွဲတာတို့ဘာတို့ဆို ကျွန်တော့်မှာအရူးလိုဖြစ်လို့....

ကျွန်တော်ကအရမ်းဆိုးတာ...
အစားဆိုလည်းဟိုဟာမှ ဒီဟာမှ....
ကိုယ့်ထမင်းကိုတောင် ခူးကျွေးမှစားတာ....
မိဘတွေအပေါ်ဆိုးတာလဲ ပြောမနေနဲ့ အိမ်ကအဖေနဲ့ဆိုဘယ်တော့မှမတည့်....

အဲ့လိုမတည့်တိုင်းလည်း နာမခံတတ်တယ့်ကျွန်တော့်ကို အဖေအမြဲပြောဖူးနေကျစကားတစ်ခွန်းရှိတယ်...

အဲ့တာက...
မင်းသားသမီးရရင် ငါ့လိုဝဋ်မလည်ပါစေနဲ့တယ့်...
အဲ့တုန်းက ကျွန်တော်လည်း ပေါ့ပျက်ပျက်ပဲထင်ခဲ့တာပေါ့....။

ဒါပေမဲ့ ငယ်နဲ့တွေ့ပီးမှ အဖေ့စကားတွေကတဖြည်းဖြည်းမှန်လာသလို ခံစားရတယ်...
ဝဋ်လည်မယ်တယ့်....
သားသမီးဝဋ်တော့မဟုတ်ဘူး...
ရည်းစားဝဋ်....။

အစားအစာဆို ဂျီးများတက်တယ့်ကျွန်တော်က အခုဆိုရင် ကျွန်တော့်အကြိုက်ထက် ငယ့်အကြိုက်ကိုပဲ ပိုပြီးဦးစားပေးတော့တယ်...။

သူများထမင်းတောင်မပြောနဲ့ ကိုယ့်ထမင်းကို ခူးစားရမှာ ပျင်းတယ့်လူက အခု....
ငယ့်ကို ကျွန်တော်ကိုယ်တိုင် ခူးပြီးကျွေးရတယ်....

မိဘတွေကိုဆိုးခဲ့တယ့်ကျွန်တော်က...
အခုတော့ ငယ်ဆိုးသမျှကို ချစ်တယ့်စိတ်နဲ့ အရာရာ သည်းခံပေးနေရတာတွေမျိူးပေါ့...

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now