Unicode
"အကို....ဒါအကို့သမီးလေးလား"
"ဟုတ်တယ်ယွန်း ဒါမောင့်ကလေး"
ချစ်စဖွယ်အပြုံးလေးနဲ့မော့ကြည့်နေတဲ့ကလေးမလေးကိုကြည့်ပြီးယွန်းဂီပြုံးမိသည်။ကလေးလေးကမောင်နဲ့တူသလို ရယ်လိုက်ရင်ထွက်ထွက်လာတတ်တဲ့ပါးချိုင့်လေးက တစ်ကယ့်ကိုမောင့်ရုပ်လေး။သူလည်းချစ်ဖို့ကောင်းတာနဲ့ပါးလေးတစ်ဖက်ကိုဖွဖွလေးဆွဲလိုက်မိသည်။
ထိုပါးလေးတစ်ဖက်ဟာ အိနေပြီးပျော့ပျော့လေးနဲ့ဖောင်းဖောင်းလေး။ဒီကလေးလေးကိုမြင်ပြီး သူနောက်တစ်ခါထပ်၍ပြုံးမိပြန်တယ်။
"ပါပါး သူဘယ်သူယဲဟင်!"
"ဟို!"
အခု့မှဘေးနားကသားလေးကိုသတိရတော့သည်။သားလေးကပြူးကြောင်ကြောင်လေးနဲ့ မျက်နှာလေးရှုံ့မဲ့လို့။
"ဒါကသားအမလေ..နာမည်က!"
"ဂျောင်ဟိုလင်း...တဲ့"
ဝင်ပြောလာသူကတော့မောင်။ သားရဲ့ခေါင်းလုံးလုံးလေးကိုလက်လေးနဲ့ဖြေးဖြေးချင်းပုတ်ပြီးပြောတော့ သားကခေါင်းတစ်ငြိမ့်ငြိမ့်နဲ့။
"မဂ်လာပါ..ဦးဦး...."
ထိုကလေးမဘက်က ကိုယ်လေးကိုင်းကာနှုတ်ဆက်တော့သူ့ဘက်ကပြုံးပြမိသည်။ကလေးမလေးကသားထက်သုံးနှစ်ကြီးသည်။သားကအခုမှမူကြိုပေမဲ့ ထိုသမီးလေးကကျောင်းစတက်နေလေပြီ။
သားလေးကတော့သူ့နောက်လေးမှာပုန်းပြီးမဝင့်မရဲဖြစ်နေ၏။ကြည့်ရတာကြောက်လို့နဲ့လည်းတူသည်။မောင်နဲ့သားကရင်းနှီးနေပေမဲ့ ဒီကလေးမလေးကျတော့သားကစကားပြောဖို့ရှိန်နေ၏။
"Hi..မမကိုခင်မယ်မလား"
ကလေးမလေးကအလည်လေးနဲ့အတတ်လေးတူသည်။ကျောနောက်မှာပုန်းနေသည့်သားကိုလက်လေးတစ်ဖက်မှဆွဲထုတ်ရင်း ပြုံးပြီးပြောလိုက်တဲ့ကောင်မလေးကတစ်ကယ့်ကိုချစ်စရာအတိ။ယွန်းဂီလည်းသားလေးကိုတစ်ချက်ပြန်ငုံ့ကြည့်လိုက်ရင်း
"ပြန်နှုတ်ဆက်လိုက်လေ..သားရဲ့"
သူပြောတော့သားကနှုတ်ခမ်းကိုဆူပြီးမျက်လုံးကိုမှေးကာခြေထောက်ကိုဆောင့်ပြသည်။ဘာကိုမကြိုက်မှန်းမသိတဲ့သားက အကျ..အောက်စအားလက်သေးသေးလေးနဲ့ကိုင်ပြီး
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope