Unicode
အဆိပ်ပင်အား နင်းခြွေခဲ့သူ....(၅)
~~~~~~calotropis~~~~~~
."မင်ယွန်းဂီ...!"
ထုံးစံအတိုင်း အတန်းထဲတွင် လာရောက်ပြဿနာရှာနေသော ဂျီမင်ဆိုသောသူသည် ကျွန်တော့်ကိုတွေ့တာနဲ့ ဘီလူးစီး သရဲစီးများဖြစ်နေသလား...
ကျွန်တော်သူမုန်းလောက်ရမည့် ကိစ္စကို တစ်ခါမှမလုပ်ဖူးပေ...
နဂိုထဲကကြောက်ရသူမို့ သူ့မြင်တာနဲ့ထွက်ပြေးနေတယ့်ကျွန်တော့်ကို မဖြစ်နိုင်တယ့် အကြောင်းပြချက်တွေပေးပြီး ပြဿနာ ခနခနရှာတတ်သည်
ဖျားနေတယ့်အရှိန်ကြောင့်ရော မူးနေတယ့်ခေါင်းရောကြောင့်ပါ လူကတစ်စက်ကလေးမှတောင်မလှုပ်ချင်တော့...
ဒါ့အပြင် မနက်ကမှ အကိုဖြစ်သူနဲ့စကားများထားရသောကြောင့် လူမှာလည်းစိတ်ညစ်တာထက်ကိုပိုနေသည်
"မင်းကိုငါခေါ်နေတယ်"
ဒီကောင်လေးဟာ ကျွန်တော့်ထက် ၁နှစ်တောင်ငယ်တယ့် သူတစ်ယောက်ပါ...
အခြားသူတွေကိုတောင် စီနီယာလို့ တပ်ခေါ်တတ်တယ့်သူက....ကျွန်တော့်ကျတော့"မင်း နဲ့ ငါ နဲ့"ဆိုပြီး သုံးတတ်သည်
"မေးနေတယ်ဖြေလေ"
လက်ကောက်ဝတ်တစ်ဖက်ကို အားနဲ့ဖိပြီး ပြောလိုက်တယ့်သူကြောင့် အလန့်တကြား လက်ကိုရုန်းမိတယ်
မနေ့ညထဲက ကိုက်နေသည့်လက်က တော်တော်နဲ့လှုပ်မရပေ
စာတောင်လိုက်မရေးနိုင်သည့်အဖြစ်မို့ သူငယ်ချင်းဖြစ်သူ မင်ဟိုအား စာအတွက် အကူညီတောင်းရပြန်သေးသည်အခုလည်း အရှေ့ကကောင်လေးကို ကျွန်တော့်မှာ မျက်နှာအားရှုံ့ပြနေသော်လည်း ဂရုပင်မစိုက်
သူလုပ်ချင်တာကိုသာ ဇွတ်လုပ်နေလေသည်"ကျွန်တော့်ကို လွှတ်ပါ နာ လို့"
"လွှတ်စေချင်ရင် ငါ့နောက်လိုက်ခဲ့!"
ကျွန်တော့်လက်အားဆောင့်ဆွဲကာ အတန်းပြင်သို့ခေါ်ထုတ်သွားတယ့်သူကြောင့် ကျွန်တော်ဘာမှမပြောတော့ဘဲ ငြိမ်ငြိမ်လေးသာလိုက်ခဲ့လိုက်သည်
YOU ARE READING
Calotropis(အဆိပ်ပြင်းပန်း)#complected#
Fanfictionမင်းနဲ့သိခဲ့ရတဲ့ အချစ်ရဲ့နာကျင်မှုကိုအခြားတစ်ယောက်ကကုစားပေးလေတော့........။ Yoonkook × Sope