အဆိပ်ရဲ့အတိတ်(အဆိပ္ရဲ႕အတိတ္) ၁

724 93 7
                                    

Unicode

မမျှော်လင့်သောကံကြမ္မာ..(၁)

~~~~~~~~~~~~~~~~~~~~~

"ဟဲ့အဲ့ကောင်လေးကgayဆို"

"ရုပ်လေးကြည့်မှန်းသိတာပါတယ်ဟယ် "

"အေးဟယ် ရံွလိုက်တာ"

"ဟဲ့အခြောက်လေး ကျောင်းလာတာ စောလှချည်လားလို့"

"ဟာ ဘယ်ပြေးမလို့လဲ ဟား ဟား"

ကျောင်းထဲသို့ မထမဦးဆုံးခြေလှမ်းလိုက်သည်နှင့် ကြားလိုက်ရတယ့်စကားတွေဟာ ရင်ဝကို ခြေထောက်နဲ့ကန်လိုက်သလိုပင် တော်တော်လေးကိုနာကျင်ရပါတယ်...

ကျွန်တော့်အား ဟာသ သဖွယ်​ပြောပြီး စော်ကားနေကြတယ့် သူတို့ကို ဘာမှပြန်မပြောနိုင်အောင်လို့"အခြောက် "ဆိုတယ့်နေရာကို ဖိပြီးပြောကြတယ်....

ကျွန်တော်လို့ LGBTလေးတွေကို ဘာလို့ ဝိုင်းပြီး နှိမ်ချင်ကြတာလဲ...

ကျွန်တော်တို့က ခင်ဗျားတို့ပြောသလို သဘာဝတရားကို ဆန့်ကျင်ပြီး မွေးလာခဲ့ကြလို့လား...

ကျွန်တော်တို့လဲ လူသားထဲက လူပါဗျာ...
ခံစားတတ်တယ့်နှလုံးသားရှိတယ်....
ချစ်တတ်တယ်....

ဘာလို့ ကျွန်တော်တို့ဆို လူရာမသွင်းချင်ကြတာလဲ....

ပြီးတော့ပြောသေးတယ်...
ရံွတယ်တယ့်...

ရံွရအောင် ကျွန်တော်က သူများသားမယားကို စော်ကားနေလို့လား....
သူများပစ္စည်းကိုလုယက်နေလို့လား...
ဒါမှမဟုတ်မကောင်းတာလုပ်စားနေလို့လား...

ဘယ်သူကကော ဒီလိုဘဝမျိုးကို လိုချင်ပါ့မလဲ ဘုရားကပေးတယ့် ကံတရားကြောင့် ကျွန်တော်တို့ကိုယ်တိုင် အခုလိုဖြစ်နေကြတာလေ...

ကျွန်တော်ကမိကောင်းဖခင်သားသမီးပါ...အောက်တန်းကျတယ့်သူမဟုတ်ဘူး အဆင့်မရှိတယ့်သူမဟုတ်ဘူး...

အားမပေးချင်နေပါ...
မကဲ့ရဲ့ကြပါနဲ့...

ကျေးဇူးပြုပြီးတော့~ကျွန်တော့်ကို ထပ်ပြီး မစော်ကားကြပါနဲ့~...

"အို...ငိုနေတာလား"

စီးကျလာသောမျက်ရည်များကို သုတ်ရင်းမှ ရင်းနှီးနေတယ့်အသံတစ်ခုကြောင့် ခေါင်းကိုအ​မြန် မော့ကြည့်မိသည်...။

Calotropis(အဆိပ်ပြင်းပန်း)#complected#Where stories live. Discover now