အပိုင်း ၃ ( Phoenix Man )

5.3K 270 4
                                    

ကျန်းဖင်းရှို့ပြန်သွားပြီးနောက် ယန်ကျင်းဇီ အပေါ်ထပ်သို့‌ နောက်တစ်ခေါက်တက်ပြီး သူ့အခန်းကိုပြန်လာခဲ့သည်။ သူ့ထိုင်ခုံတွင်ထိုင်ရင်း ဘယ်လိုပိုက်ဆံရှာရမလဲ ဆိုတာကို တွေးနေတော့သည်။

သူသည် မူလပိုင်ရှင်၏ ၁၉ နှစ် ဘဝတစ်လျှောက် မှတ်ဉာဏ်များကို လက်ခံရရှိပြီးသားဖြစ်သည်။ သူ ယခင်ဇာတ်လမ်းကို သိထားပေမယ့် အနာဂတ်မှာဖြစ်မည့်ကိစ္စများကို မသိချေ။ သူသည် အနာဂတ်အား အကြမ်းဖျင်းလောက်သာ သိရှိထားသည်။

အခုထိ ကမ္ဘာမကူးပြောင်းခင်က သူ ဘာဖြစ်ခဲ့မှန်းလည်း မမှတ်မိသေးပါ...။

ယခုလောလောဆယ်တွင် သူသည် ဆင်းရဲသောစီရင်စုမှ ထွက်လာနိုင်ခဲ့သည့် သာမန်ပထမနှစ်ကျောင်းသား ဖြစ်သည်။ သူ တက္ကသိုလ်မတက်ခင် ကွန်ပျူတာကို လုံးဝမကိုင်ဖူးခဲ့သဖြင့် ကွန်ပျူတာနှင့်ပတ်သက်ပြီး ခက်သည်ဟု သူ ထင်မိသည်။

ပိုက်ဆံဘယ်လိုရှာရမလဲ? ကျူတာလုပ်ရမလား? အချိန်ပိုင်းအလုပ်ရှာရမလား?

ဘာပဲဖြစ်ဖြစ် နေထိုင်စားသောက်စရိတ်အတွက်နဲ့ ကျန်းဖင်းရှို့ကို သူ မှီခိုနေလို့မရဘူး!

ကျန်းဖင်းရှို့၏အလုပ်သည် အရမ်းခက်ခဲမှန်း ယန်ကျင်းဇီသိသည်။ ဤကဲ့သို့အေးစက်နေသည့်ဆောင်းရာသီတွင် လူများ၏ ကားများကို ဆေးရသည်မှာ အဆင်ပြေမည်မဟုတ်ချေ။

ကျန်းဖင်းရှို့အား အလုပ်ထွက်စေချင်သော်လည်း သူ့တွင် ဝင်ငွေမရှိဘဲ ကျန်းဖင်းရှို့အား အလုပ်မလုပ်ဖို့ ဘယ်လိုလုပ် တားနိုင်ပါမည်နည်း?

ထို့အပြင် ရထားသောမှတ်ဉာဏ်များအရဆိုလျှင် ကျန်းဖင်းရှို့၏အဖွား လယ်စိုက်နေစဉ် မတော်တဆခြေကျိုးမည်မှာ ဖြစ်ဖို့အချိန်၁လပင်မလိုတော့။

ပိုက်ဆံရှာဖို့ ယန်ကျင်းဇီ တွေးနေတုန်း ကျန်းဖင်းရှို့အားအဝတ်တွေမပေးခင်ကတည်းက အခန်းပြန်ရောက်နေသည့် ဟောင်လျန်က သူ့အား မေးလာခဲ့သည်။

" ယန်ကျင်းဇီ၊ မင်းစီလာသွားတယ့်ကောင်လေးရော ဘယ်မှာလဲ? သူက ဘာလို့အဲ့လိုမျိုးဝတ်ထားတာလဲ? "

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now