အပိုင်း ၈၂ ( Little White Face 10 )

1.2K 88 4
                                    

တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းတွင် ယန်ကျင်းဇီ၏ ‌ဂုဏ်သတင်းမှာ အလွန်မြင့်မားဆဲဖြစ်သည်။ အခြေစိုက်စခန်းကို အုပ်ချုပ်တဲ့ ကျိုးဝမ်ရှို့က ယောက်ျားတွေကို ကြိုက်ပြီး မျက်နှာဖြူလေး တစ်ယောက် ရှိတယ် ဆိုတာ ဘယ်သူက မသိလို့လဲ?

ယခုအချိန်တွင် အခြေစိုက်စခန်းရှိ သာမာန်လူများသည် ယန်ကျင်းဇီ၏အမည်ကိုသာ သိပြီး သူနှင့် တွေ့သောအခါ သူတို့သည် သူ့ကို မသိကြချေ။ သို့သော် စွမ်းအားရှင်များနှင့် အခြေစိုက်စခန်း၏ ခေါင်းဆောင်များ အားလုံးက ယန်ကျင်းဇီကို မှတ်မိကြသည်။

ယန်ကျင်းဇီ၏ ဓာတ်ပုံများမှာ သူတို့ကြားတွင် မကြာခဏ ပျံ့နှံ့လေ့ရှိသည်။

ဇွန်ဘီများကို သတ်ရန် ကျိုးဝမ်ရှို့၏နောက်သို့ လိုက်ချင်သော ဤမီးစွမ်းအားရှင်များ အားလုံးသည် ယန်ကျင်းဇီကို သိကြသည်။ မှတ်မိသွားကြပြီးနောက်... သူတို့သည် စိတ်ရှုပ်ထွေးသော အကြည့်များဖြင့် ယန်ကျင်းဇီကို ကြည့်ကြသည်။

သူတို့ မှတ်မိတာ ဒီလူက သာမန်လူ မလား? ဘာလို့ သူက သူတို့ ဇွန်ဘီသွားသတ်မှာကို လိုက်ချင်တာလဲ?

သူတို့ စဉ်းစားနေစဉ် သူတို့ကို နှုတ်ဆက်ပြီးသွားသော ယန်ကျင်းဇီက ကျိုးဝမ်ရှို့စီကို ပြေးသွားပြီဖြစ်သည် : " ဝမ်ရှို့၊ မင်း ရေသောက်ချင်လား? "

ကျိုးဝမ်ရှို့သည် ရေမဆာသော်လည်း ယန်ကျင်းဇီက ရေဖန်ခွက်ကို ကိုင်ပြီး သူ့ကို ကြည့်နေသည်... သူ ရေဖန်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။

ယန်ကျင်းဇီသည် ကျိုးဝမ်ရှို့ ရေသောက်သည်ကို စောင့်ပြီး ရေဖန်ခွက်ကို ယူ၍ တစ်ငုံသောက်သည်။ ပြုံးလျက်ဖြင့် သူက ပြောသည် : " ငါတို့ကို ဒီလိုကြည့်လိုက်ရင် သွယ်ဝိုက်အနမ်း ဖြစ်သွားတယ်မလား? "

ကျိုးဝမ်ရှို့ : ငါ အစခံရပြန်ပြီ!

သူတို့နှစ်ဦး စကားပြောနေစဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် မနီးမဝေးမှ ရောက်လာသည် : " တောင်းပန်ပါတယ် ဥက္ကဌ ငါတို့ နောက်ကျသွားတယ်။ "

" ငါက အစောကြီး ရောက်နေတာပါ။ " ကျိုးဝမ်ရှို့က ပြုံးသည်။

ယန်ကျင်းဇီသည် ကျိုးဝမ်ရှို့၏အကြည့်အတိုင်း လိုက်ကြည့်သောအခါ ရောက်လာသူနှစ်ဦးသည် တူညီသော အားကစားဝတ်စုံကို ၀တ်ဆင်ထားကာ အလွန်ရိုးရှင်းပုံပေါက်သည်ကို တွေ့ရှိလိုက်သည်။ သူတို့နှစ်ဦးတွင် အမျိုးသမီးစွမ်းအားရှင်သည် သူ(မ)၏ကိုယ်ပေါ်မှ အလင်းရောင်အရ မြေကြီးစွမ်းအားရှင် ဖြစ်ပြီး အမျိုးသားစွမ်းအားရှင်သည် ရေစွမ်းအားရှင် ဖြစ်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Onde histórias criam vida. Descubra agora