အပိုင်း ၉၃ ( Little White Face 21 )

3.7K 587 20
                                    

ရှောက်ကွမ်ချွင်နှင့် တခြားသူတို့သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများနှင့် စကားဖလှယ်ပြောဆိုပြီးနောက် သူတို့သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းက ဇွန်ဘီဝိုင်းရံခြင်းကို ကြုံတွေ့ခဲ့ရကြောင်း သိသွားကြသည်။

မြို့ကြီးကို ဝိုင်းရံထားသော ဇွန်ဘီများကြားတွင် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဇွန်ဘီများ ထောင်ပေါင်များစွာ ရှိနေသည်ဟု ပြောကြ၏။ ဒါပေမယ့် ယန်ကျင်းဇီက အကုန်လုံးကို သတ်ပစ်လိုက်တယ်!

ဤသတင်းကို ကြားသိရပြီးနောက် ရှောက်ကွမ်ချွင်သည် ယန်ကျင်းဇီကို တောက်လောင်နေသော အကြည့်များဖြင့် ကြည့်လာပြီး သူက ယန်ကျင်းဇီကို စိတ်ဝင်စားနေသည်ဟုပင် တခြားလူများကို သံသယဖြစ်လာစေသည်။

ကျိုးဝမ်ရှိူ့ အနည်းငယ် သတိရှိလာသည်။

ယန်ကျင်းဇီက ကြည့်ကောင်းသည်။ ယခင်ကတည်းက သူသည် ဤအကြောင်းကို စိတ်ပူခဲ့ရလေရာ ယခုဆိုလျှင် ပိုဆိုးသွားသည်။ ဤသည်က သူ့အား မသိမသာ စိုးရွံ့စေပြီး ယန်ကျင်းဇီကို လုယူခံရမည်အား ကြောက်ရွံ့မိသည်။

ဤအခိုက်အတန့်တွင် သူသည် ရှောက်ကွမ်ချွင်နှင့် ယန်ကျင်းဇီတို့ကို အရမ်းရင်းမနှီးစေချင်ပေ။

ကျိုးဝမ်ရှိူ့ ပြောလိုက်သည် : " ချန်ရှုရှင်း၊ မင်း သူတို့ကို စားသောက်ဖို့ ကန်တင်းကို ခေါ်သွားလိုက်ပါ။ ကျင်းဇီနဲ့ ငါ အရင်အိမ်ပြန်နှင့်မယ်။ နေ့လယ်ကျရင် ငါတို့ ဒီကိစ္စကို ဆက်ဆွေးနွေးကြမယ်။ " ကျိုးဝမ်ရှိူ့က 'သူတို့' ဟု ပြောခဲ့သည်။ သေချာသည်မှာ ၎င်းသည် S မြို့ကြီး အခြေစိုက်စခန်းမှ လူများကို ရည်ညွှန်းခြင်းဖြစ်သည်။  ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများကမူ... ကိစ္စကို ဖြေရှင်းပြီးနောက် သူတို့ကို ထိန်းသိမ်းပြီးပြီဖြစ်သည်။

ကျိုးဝမ်ရှိူ့သည် အမိန့်ပေးပြီး ယန်ကျင်းဇီနှင့် အတူထွက်သွားသည်။ သူတို့သည် တချို့ကိစ္စများကို သီးသန့်ဆွေးနွေးရပေမည်။

ယခင်အတိတ်၌ ယန်ကျင်းဇီသည် သူ စားချင်သမျှ၏ ပါဝင်ပစ္စည်းများကို လဲလှယ်ရန် ကန်တင်းသို့ သွားခဲ့ရသော်ငြား ယခု သူ သွားစရာမလိုတော့ပေ။

ချစ်ခင်ပွန်း ( ဘာသာပြန် )Opowieści tętniące życiem. Odkryj je teraz