ယန်ကျင်းဇီ၏ပရိသတ်များနှင့် ကျွမ်းကျင်သော ကြေးစား ရေတပ်အမည်းရောင်အဖွဲ့၏ ကျေးဇူးများကြောင့် ဤရသစုံရှိုးသည် ပို၍ပင် လူကြိုက်များလာသည်။
ရသစုံရှိုး "Dream Back to the Ancient" သည် တော်တော်လေး ဆန်းသစ်တီထွင်ထားသည့် ရသစုံရှိုး ဖြစ်သော်လည်း အဆုံးမှာတော့ ၎င်းသည် ထုတ်ဝေမှုနှစ်ကြိမ်သာ ရိုက်ကူးရသေးပြီး လူအများအပြားသည် ယခင်က ဤရသစုံရှိုး ရှိလို့ရှိမှန်းပင် မသိခဲ့ကြပေ။
ရှိုးက ယန်ကျင်းဇီကို ဖိတ်ခေါ်ရာတွင် ငွေအမြောက်အများ သုံးစွဲခဲ့သည်မှာ ရှိုးကို ကြော်ငြာပြီး လူအသွားအလာကို ဆွဲဆောင်ရန်လည်း ဖြစ်သည်။
ထို့ကြောင့် ယခုအခါ ဤရသစုံရှိုးသည် အင်တာနက်ပေါ်တွင် လူသိများသွားပြီဖြစ်သည်။
ပရိုဂရမ်အသင်းသည် ကြီးမားသော လူအသွားအလာများကို မြင်ပြီး အံ့ဩဝမ်းသာဖြစ်သွားခဲ့ကြသည်။ သူတို့သည် ယန်ကျင်းဇီနှင့်ကျီချန်းရှို့တို့ကို အချင်းချင်း ခပ်ဝေးဝေးနေရန် သတိသွားမပေးခဲ့ကြဘဲ အဲ့အစား အခြေအနေကို အခွင့်ကောင်းယူကာ ကြော်ငြာအချို့ကို လက်ခံလိုက်သည်။
အမှန်ဆို သူတို့နှစ်ယောက်က နီးနီးကပ်ကပ် နေ နေကြပေမယ့်လည်း သူတို့ ကင်မရာအောက်မှာ မလုပ်သင့်တဲ့ အရာတွေကို တကယ် မလုပ်လောက်ကြပါဘူးနော်...ဟုတ်တယ်မလား?
ရှိုးသည် ဧည့်သည်များကို နောက်ကွယ်မှာ သီးသန့်ဂရုစိုက်သော်လည်း လူမြင်ကွင်းမှာ သူတို့ကို လူးလှိမ့်ခံစားခိုင်းသည့်နေရာတွင်တော့ အရမ်းတော်နေသေးသည်။
ဧည့်သည်များက သူတို့ ချက်ထားသော ဟင်းများကို မစားဘဲ နေ၍ရသော်လည်း သူတို့ ချက်ပြုတ်နေရဆဲ ဖြစ်သည်ဟုသာ ဆိုကြပါစို့။
ရွှံ့မီးဖို၊ သံအိုးကြီးကြီးများ၊ ဖျော့တော့မှေးမှိန်စွာ လောင်ကျွမ်းနေသော ထင်းမီး...
ငယ်ငယ်လေးကတည်းက လယ်အလုပ် လုပ်လာခဲ့သည်ဟု အမြဲပြောသော မာဟုန်ရှင်းတောင်မှ ဒါကို သည်းမခံနိုင်ပေ။
ဒါပေမယ့် ကျီချန်းရှို့က အချိန်မဖြုန်းဘဲ မီးစမွှေးသည်။
" ဆရာကျီက ဒါကိုလည်း လုပ်တတ်တာပဲလား? " ယန်ကျင်းဇီက ကျီချန်းရှို့ဘေးတွင် ထိုင်နေရင်း မေးသည်။
CZYTASZ
ချစ်ခင်ပွန်း ( ဘာသာပြန် )
RomansTitle - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of life, Supernatural, Yaoi Chapters - 257 This is just a fun translation. I've already got the permissi...