အပိုင်း ၅၀ ( The Star - Extra )

6.9K 963 36
                                    


ယန်ကျင်းဇီသည် အနုပညာလောကမှ နှုတ်ထွက်ပြီးနောက် မိခင်ဖြစ်သူကို သူ့အနားသို့ ခေါ်ဆောင်ထားကာ သူ(မ)ကို ပြုစုရန် တစ်စုံတစ်ဦးကို ငှားထားခဲ့သည်။

မူလပိုင်ရှင်သည် အခြားသူများ‌အပေါ် လွန်စွာသဘောကောင်းတတ်သော်လည်း သူ့မိခင်အပေါ် တကယ့်ကို အလွန်ကောင်းမွန်စွာ မဆက်ဆံခဲ့ပေ။ ထို့ကြောင့် မိခင်အိုကြီးသည် ယန်ကျင်းဇီထံမှ ပထမဆုံး ‌ခေါ်ဆောင်ခံရသောအခါ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ(မ) ယန်ကျင်းဇီကို မြင်သောအခါတွင်လည်း သူ(မ) အနည်းငယ် ကြောက်ရွံ့နေခဲ့၏။

သို့သော် ထိုသို့ဖြစ်နေတာတောင်မှ သူ(မ)သည် အခြားသူများရှေ့တွင် သူ(မ)၏သားဖြစ်သူနှင့်ပတ်သက်ပြီး မကောင်းမပြောခဲ့ချေ။ ယန်ကျင်းဇီသည် အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် သူ(မ)အား ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။ တဖြည်းဖြည်းနှင့် သူ(မ) ယန်ကျင်းဇီကို မကြောက်တော့သော်လည်း သူနှင့် အရမ်း ရင်းရင်းနှီးနှီးလည်း သိပ်မနေ။ သို့သော် သူ(မ)သည် ကျီချန်းရှိူ့နှင့် သားအမိကဲ့သို့ အလွန်ရင်းနှီးသည်။

ယန်ကျင်းဇီ သူ(မ)နှင့် စကားပြောနေစဉ် သူ(မ) စိတ်လှုပ်ရှားစွာ တစ်ခါပြောဖူးလေသည်။ ကံကောင်းထောက်မစွာဖြင့် ယန်ကျင်းဇီသည် နူးညံ့သိမ်မွေ့သော လူကောင်းတစ်ဦးကို ရှာတွေ့ခဲ့ပြီး မဟုတ်ပါက သူ(မ)၏ သက်ကြီးရွယ်အိုအချိန်တွင် သူ(မ)ကို ထောက်ပံ့မည့်သူ ရှိတော့မည်မဟုတ် ဟူ၍။

ယန်ကျင်းဇီ : " ... " အဲ့ဒါ ဘာလို့လဲဆိုတော့ သူ(မ)ရဲ့သားက အခြားတစ်ယောက်နဲ့ အစားထိုးခံလိုက်ရလို့ပဲ။ အကယ်၍ မူလပိုင်ရှင်သာ ဆက်ရှိနေဦးမယ်ဆိုရင် စိတ်ကောင်းရှိတဲ့ လက်တွဲဖော်ကို သူ ရှာတွေ့ထားလည်း အလကား ဖြစ်သွားမှာ။ မူလပိုင်ရှင်က သူ့လက်တွဲဖော်ကို သတ်ပစ်လိမ့်မယ်!

ဘာပဲဖြစ်ဖြစ် ယန်ကျင်းဇီနှင့်ကျီချန်းရှိူ့တို့၏ အကြင်လင်မယားအဖြစ်‌ နေထိုင်မှုသည် နှစ်ဘက်မိဘများထံမှ အသိအမှတ်ပြုခံရဆဲဖြစ်ပြီး ဘဝက ပိုပိုပြီး အဆင်ပြေလာသည်။

ယန်ကျင်းဇီကို စိတ်ပူစေသော တစ်ခုတည်းသော ကိစ္စမှာ ကျီချန်းရှိူ့သည် စားဖိုမှူးကောင်းတစ်ဦး ဖြစ်ပြီး သူ့ကို ချက်ကျွေးရန် စိတ်အားထက်သန်လွန်းနေခြင်း ဖြစ်သည်။ အလွန့်အလွန် စိတ်အားထက်သန်နေသဖြင့် သူသည် အမြဲတမ်း တစ်ကြိမ်ပြီးတစ်ကြိမ် ကိုယ်အလေးချိန်တက်လုနီးပါး ဖြစ်နေရသည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora