နောက်ဆုံးတစ်ခါ ယန်ကျင်းဇီက အံ့အားသင့်ဖွယ် အင်အားကို ရုတ်တရက် ထုတ်ပြခဲ့သောအခါ ကျိုးဝမ်ရှိူ့သည် လှည့်စားခံလိုက်ရသကဲ့သို့ ခံစားခဲ့ရပြီး ယခု ထိုသို့ပို၍ပင် ခံစားလာရသည်။ယန်ကျင်းဇီသည် အလွန်သန်မာသော်လည်း မလှုပ်ရှားမီ ခေါင်းကိုက်ကာ မူးလဲတတ်သည်... ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီက ကျန်းမာရေးမကောင်းလှဟု အမြဲခံစားရသောကြောင့် သူ့ကို အဖြူရောင်ကျောက်စိမ်းပုလင်းအဖြစ် သဘောထားပြီး ဂရုတစိုက် စောင့်ရှောက်ခဲ့သည်။
သို့သော် မနေ့ည၌ ဤကျောက်စိမ်းဖြူပုလင်းက သူ့အား တစ်ညလုံး မရပ်မနား 'Pa Pa Pa Pa' လုပ်သွားသည်။
ကျိုးဝမ်ရှိူ့ : " ... "
ဤသို့ကြုံတွေ့ရသောအခါ သူသည် စိတ်အနှောင့်အယှက် မဖြစ်သော်လည်း နည်းနည်းစိတ်ဓာတ်ကျမိသည်။
ဤလူ၏ ကိုယ်ခန္ဓာပေါ်တွင် မည်သည့်ကြွက်သားမျှ မရှိသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဘာကြောင့် သူက ရုတ်တရက်ကြီး ကြွက်သားအပြည့်နဲ့ ပေါ်လာတာလဲ?
ကျိုးဝမ်ရှိူ့သည် မနေ့ညက ပင်ပန်းခဲ့ပြီး စကားပြောရန် အချိန်မရှိခဲ့သော်လည်း ယနေ့တွင် သူက စောစောအိပ်ရာထသည်...
ကျိုးဝမ်ရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည် : " မင်း ကြွက်သားတွေ ဘယ်လိုဖြစ်တာလဲ? "
" ငါ ညတိုင်း လေ့ကျင့်ခန်းလုပ်တယ်! " ယန်ကျင်းဇီက ဆိုသည် : " ပြီးတော့... မင်း သိပါတယ်။ ငါ သဘာဝလွန်စွမ်းရည် နိုးကြားပြီးပြီ။ " ဘာပဲဖြစ်ဖြစ် သူ ကျိုးဝမ်ရှိူ့ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရှုံးလို့မဖြစ်ဘူး။ အဲ့ဒါကြောင့် သူ အရင်က လေ့ကျင့်ခန်းလုပ်တိုင်း အရမ်းကို ပြင်းပြင်းထန်ထန် လုပ်ခဲ့တာ!
ကျိုးဝမ်ရှိူ့ : " ... " ဒီပြောင်းလဲမှုက များလွန်းတယ်!
" မင်း မကြိုက်ဘူးလား? " ယန်ကျင်းဇီက မေးသည်။
ကျိုးဝမ်ရှိူ့က ရှက်သွားပြီး သူ့ကို တွန်းထုတ်ကာ ထသွားသည်။
မနေ့ညက အလုပ်ကြိုးစားခဲ့သူမှာ အမှန်တကယ်ပင် သူ မဟုတ်သော်ငြား သူ အနည်းငယ် အဆင်မပြေဖြစ်နေသည်... ယန်ကျင်းဇီရဲ့ နည်းစနစ်က ဆိုးလွန်းတယ်!
ESTÁS LEYENDO
ချစ်ခင်ပွန်း ( ဘာသာပြန် )
RomanceTitle - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of life, Supernatural, Yaoi Chapters - 257 This is just a fun translation. I've already got the permissi...