အပိုင်း ၈၁ ( Little White Face 9 )

1.2K 88 7
                                    

ကျိုးဝမ်ရှို့ သူ့ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ယောက် သူ့စီ ပြေးလာသည်ဟု ခံစားလိုက်ရသည်။

ဤသည်က သူ့ကို သတိရှိရန် နှိုးဆော်သင့်သော်လည်း အကြောင်းတချို့ကြောင့် သူ လုံးဝ သတိမထားနိုင်‌သောကြောင့် သူသည် ပွေ့ဖက်ခံရပြီး လည်ပင်းပေါ်တွင် အနမ်းအနည်းငယ်ကိုလည်း ခံစားလိုက်ရသည်။

ခပ်ဖွဖွ ခံစားချက်က သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်... ကျိုးဝမ်ရှို့ ခဏတာ ငြိမ်သွားလျက် ယန်ကျင်းဇီ ပြောသည်ကိုပင် သူ မစဉ်းစားနိုင်‌လိုက်ပေ။

ခဏအကြာတွင် သူသည် တုံ့ပြန်ပြီး ယန်ကျင်းဇီ၏ ကျောကို စိတ်ပူပန်စွာ ပုတ်လိုက်သည် : " အိပ်မက်တစ်ခုပါပဲ။ မကြောက်နဲ့။ အဆင်ပြေတယ်... "

စကားပြောနေစဉ် ကျိုးဝမ်ရှို့၏ အမူအရာ ရုတ်တရက် အေးခဲသွားသည်။

ယန်ကျင်းဇီက အိပ်မက်ဆိုး မက်ခဲ့ပြီး ကလေးကဲ့သို့ ပြုမူနေခြင်းမှာ ထူးဆန်းလှပြီး သူက အမှန်တကယ်ပင် နှစ်သိမ့်ပေးခဲ့သည်...

ခဏလေး၊ သူ့နောက်မှာ တခြားသူတွေရှိနေတယ်!

ကျိုးဝမ်ရှို့က သူ့လှုပ်ရှားမှုကို ရပ်လိုက်ပြီး သူ့အမူအရာကို ပြန်ထိန်းလိုက်သည် : " ... လူတွေ ရှိ‌နေတယ်။ "

တကယ်တော့ ကျိုးဝမ်ရှို့၏နောက်တွင် လူများ ရှိနေကြောင်း ယန်ကျင်းဇီ သိထားသည်မှာ ကြာလှပြီဖြစ်ပြီး သူက လူများကို တမင်တကာ မြင်တွေ့စေခြင်းဖြစ်သည်။

ကျိုးဝမ်ရှို့ကို အသားယူပြီး ကျိုးဝမ်ရှို့၏ နှစ်သိမ့်မှုကို ရရှိလိုက်သော ယန်ကျင်းဇီသည် ခေါင်းမော့ပြီး ကျိုးဝမ်ရှို့နောက်မှ လူကို ကြည့်၍ နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည် : " ဟယ်လို၊ တောင်းပန်ပါတယ် မင်းတို့ကို ဟာသကြည့်စေမိပြီ။ "

ကျိုးဝမ်ရှို့၏နောက်တွင် ကွင်းဆင်းဌာန၏ ခေါင်းဆောင် ကျားဝမ်ဟန်နှင့် ယန်ကျင်းဇီ ယခင်က တွေ့ဖူးသော တခြားစွမ်းအားရှင်နှစ်ဦး ရှိနေသည်။

ယန်ကျင်းဇီ၏စကားကို ကြားသော် ကျားဝမ်ဟန်က ဝတ်ကျေတမ်း‌ကျေ ပြုံးပြသည် : " ရပါတယ်။ "

ချစ်ခင်ပွန်း ( ဘာသာပြန် )Opowieści tętniące życiem. Odkryj je teraz