နံနက်ခင်းတွင် သုံးကြိမ်မြောက်အတန်းချိန် ပြီးသောအခါ ချန်အန်းရှို့သည် အခန်း ၁၀ သို့ ရောက်လာသည်။
အခန်း ၁၀ မှ ကျောင်းသားများသည် ကျယ်ကျယ်လောင်လောင် စကားပြောနေကြသည်။ ချန်အန်းရှို့ ရောက်လာသည်နှင့်တပြိုင်နက် အားလုံးက တိတ်ဆိတ်သွားပြီး ယန်ကျင်းဇီကို လှမ်းမကြည့်ဘဲ မနေနိုင်ကြချေ။
ချန်အန်းရှို့... သူက ယန်ကျင်းဇီကို ဒုက္ခပေးဖို့ ဒီကိုရောက်လာတာလား?
ဤကဲ့သို့တွေးနေကြရင်း ချန်အန်းရှို့က ယန်ကျင်းဇီ၏ရှေ့တွင် စာအုပ်တစ်အုပ် တင်လိုက်သည်ကို သူတို့ တွေ့လိုက်ရသည် : "မင်း ဒီမှတ်စုစာအုပ်ထဲက အကြောင်းအရာတွေကို ကူးပြီး အလွတ်ကျက်ရမယ်။"
"ပြဿနာမရှိပါဘူး!" ယန်ကျင်းဇီက ပြောခဲ့သည်။ ဤမှတ်စုစာအုပ်သည် သူ့အတွက် ချန်အန်းရှို့၏ဂရုစိုက်မှု ဖြစ်လေရာ သူက ကော်ပီကူးပြီး အလွတ်ကျက်ပစ်ရမည်!
သူ့ပတ်ဝန်းကျင်ကလူများ သူ့ကို ဝိုင်းကြည့်နေကြသည့်အတွက် ချန်အန်းရှို့က ရှက်နေခဲ့ကာ ယန်ကျင်းဇီ၏မိဘများ သူတို့နှစ်ယောက်အကြောင်းကို သိခွင့်မပေးနိုင်ဘူးဟု စဉ်းစားရင်း သူက လှည့်ထွက်သွားသည်။
ချန်အန်းရှို့ထွက်သွားသောအခါ အခန်း ၁၀ မှ ကျောင်းသားများသည် ယန်ကျင်းဇီအား စာနာစိတ်ဖြင့် ကြည့်ကြသည်။
ချန်အန်ရှို့က ယန်ကျင်းဇီကို ဘာပေးခဲ့လဲ သူတို့က မသိဘဲ သူ(ချန်အန်းရှို့)က သူ့(ယန်ကျင်းဇီ)ကို ကော်ပီကူးပြီး အလွတ်ကျက်ခိုင်းထားတာ...
ချန်အန်းရှို့က သူ့ကို စိုက်ကြည့်နေတာ၊ ယန်ကျင်းဇီက အရမ်းသနားဖို့ကောင်းတာပဲ!
…….လက်အောက်ငယ်သားများစွာ ရှိသော ကျောင်းနယ်မြေဘော့စ်တစ်ယောက်အနေဖြင့် ယန်ကျင်းဇီသည် အမြဲတမ်း လူများစွာ၏ဝန်းရံခြင်းကို ခံရလေ့ရှိသည်။
မွန်းတည့်ချိန်၌ ညီငယ်လေးများစွာသည် သူ့ထံလာ၍ သူနှင့် နေ့လယ်စာအတူစားရန် ပြင်ကြသည်။
အမှတ် ၁ အထက်တန်းကျောင်းသည် ကျောင်းသားများအား နေ့လယ်တွင် ကျောင်းအပြင်ထွက်စားခွင့်မပြုကြောင်း စည်းကမ်းသတ်မှတ်ထားသောကြောင့် မူလပိုင်ရှင်က အစားကြေးများသူဖြစ်လျှင်တောင်မှ သူက နေ့လယ်တွင် ကျောင်းကန်တင်း၌ စားသောက်နေရဆဲဖြစ်သည်။
YOU ARE READING
ချစ်ခင်ပွန်း ( ဘာသာပြန် )
RomanceTitle - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of life, Supernatural, Yaoi Chapters - 257 This is just a fun translation. I've already got the permissi...